ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့်အဖွဲ့အား   ဧပြီလ ၁ရက်တွင်      ခုတင်-၁၀၀၀ ပြည်သူဆေးရုံကြီး နေပြည်တော်၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်     သံအမတ်ကြီးက လတ်တလော       မြန်မာနိုင်ငံတွင်ခံစားနေရသည့် ငလျင် ဘေးဒဏ်ကြောင့် အသက်အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရမှုအတွက် များစွာဝမ်းနည်းခဲ့ရပြီး၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ငလျင်ဖြစ်ပွားပြီး ၁၈ နာရီအတွင်း အမြန်ဆုံးလာရောက် အကူအညီ ပေးခဲ့နိုင်ကြောင်းနှင့် ဆေးဝါး၊ဆေးပစ္စည်းလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်ရန် အသင့်ရှိနေကြောင်း ပြောခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးနှင့်ဆေးကုသအဖွဲ့များ  ချက်ချင်းစေလွှတ်ပေးသည် ကိုကျေးဇူးတင်ကြောင်း၊    မိမိတို့အနေဖြင့်         နိုင်ငံတကာအကူအညီများအားလက်ခံပြီး ထိ ရောက်စွာစီမံခန့်ခွဲလျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့် ဆေးရုံ၊လူနာခွဲစိတ်ခန်းများနှင့် လူနာ ကုသဆောင်များ ပျက်ဆီးခဲ့သည့်အတွက် လူနာများကုသပေးရန်ပျက်စီးခဲ့သည့်  ဆေးရုံ၊ လူနာခွဲ စိတ်ခန်းများ၊ယာယီခွဲစိတ်ခန်းပါယာဉ်များ အရေးပေါ်လိုအပ်နေကြောင်း ဆွေးနွေးပြောဆိုခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲသို့  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

                                                                   သတင်းရင်းမြစ်(မြဝတီသတင်းစာ။ ၂-၄-၂၀၂၅)

 

  • တွေ့ဆုံစဉ် ငလျင်ဖြစ်ပွား ပြီး  ၁၈နာရီ အတွင်း ယူနန်ကယ်ဆယ်ရေး အဖွဲ့ဝင်များ အမြန်ဆုံး လာရောက် ကူညီပေးနိုင်ကာ လိုအပ်သည့် ဆေးဝါး၊ဆေးပစ္စည်းများ   အမြန်ဆုံးဖြည့်ဆည်း ပေးရန် အသင့် ရှိနေခဲ့ကြောင်း၊ နိုင်ငံတကာအကူအညီများအား လက်ခံပြီး ထိရောက်စွာ  စီမံ ခန့်ခွဲလျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့်ဆေးရုံ၊လူနာခွဲစိတ်ခန်းများနှင့် လူနာကုသ ဆောင်များ ပျက်ဆီးခဲ့သည့်အတွက် လူနာများကုသပေးရန်ပျက်စီးခဲ့သည့် ယာယီ ဆေးရုံ၊ လူနာခွဲစိတ်ခန်း များ၊ယာယီခွဲစိတ်ခန်းပါယာဉ်များ အရေးပေါ်လိုအပ်နေကြောင်း ဆွေးနွေးပြောဆိုခဲ့

 

Add new comment