နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိခဲ့ရာ-
- ဧပြီလ ၁ ရက်နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ စုစုပေါင်းလေယာဉ် ၁၄ စင်းဖြင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ ဆရာဝန်နှင့်သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများသည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက် ရှိလာခဲ့။
- ရုရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၉၅ ဦးနှင့် ကယ်ဆယ်ရေးယာဉ် ၄ စီး တင်ဆောင် လာသော လေယာဉ် ၂ စီး ဧပြီလ ၁ ရက်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့၊ ဧပြီလ ၂ ရက်နံနက်ပိုင်းတွင် မန္တလေးသို့ ဆက်လက်ထွက်ခွာပြီး ယခင် ကယ်ဆယ်ရေးလုပ်ဆောင်နေသော ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်။
- ဘယ်လာရုစ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၃၃ ဦး၊ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေး ခွေး ၂ ကောင် တင်ဆောင်လာသော လေယာဉ် ၁ စီး မတ်လ ၃၁ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့၊ ဧပြီလ ၁ ရက်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မန္တလေးသို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်။
- လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါး များသည် မတ်လ ၃၁ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိ လာခဲ့။
- ယူအေအီးနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀) ဦး၊ မော်တော်ယာဉ် (၅) စီး၊ ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများပါဝင်သော ယူအေအီးတပ်မတော်လေယာဉ် ၂ စီးသည် ဧပြီလ ၁ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိခဲ့။
- ဖိလစ်ပိုင်နိုင်ငံမှ အမှတ်(၅၀၅) ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ လေတပ်လေကြောင်းဆေးကုသ ရေးအဖွဲ့များ၊ အမှတ်(၇၁၀) လေတပ် အထူးစစ်ဆင်ရေးအုပ်စုမှ လေကြောင်းလုံခြုံရေးအဖွဲ့ များအား C-130 လေယာဉ်ဖြင့် မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ စေလွှတ်။
- ဗီယက်နမ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအထောက်အကူပစ္စည်းများနှင့်အတူ အနံ့ခံရှာဖွေကယ် ဆယ်ရေးခွေးများပါဝင်တဲ့ K9 အဖွဲ့ ၂ ဖွဲ့ အပါအဝင် မီးသတ်နှင့် ကယ်ဆယ်ရေးရဲဌာနမှ အတွေ့အကြုံရင့် အရာရှိ ၂၆ ဦးပါဝင်ပြီး ရဲမှူးကြီး ငုယင်မင်းခူး ဦးဆောင်သော အဖွဲ့ ဧပြီလ ၁ ရက်တွင် စေလွှတ်ခဲ့။
- အင်ဒိုနီးရှားတပ်မတော် အမှတ်(၁) မရိန်းကင်းထောက်တပ်ရင်းကြီးမှ ရှေ့ပြေးဒုတိယအသုတ် တပ်ဖွဲ့ဝင် ၃၉ ဦး အင်ဒိုနီးရှားလေတပ်မတော် C130J သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဧပြီလ ၁ ရက်တွင် ထွက်ခွာလာပြီး ရေတပ်ဆေးရုံသင်္ဘောကြီးနှင့် ရဟတ်ယာဉ်များ လိုက်ပါ လာမည်ဖြစ်။
- တူကီယဲနိုင်ငံမှ အထူးကျွမ်းကျင်လေ့ကျင့်ထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့(GEA) ဧပြီလ ၁ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့။
- အမေရိကန်နိုင်ငံမှ ဆရာဝန်၊ သူနာပြုများ၊ ကယ်ဆယ်ရေးအဖွဲ့၊ သောက်ရေဆိုင်ရာကျွမ်းကျင် ပညာရှင်၊ ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အင်အား ၈၀ မှ ၁၃၀ ကြားပါဝင်သည့် Samaritan Purse အဖွဲ့အား မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့။
နိုင်ငံတကာမှ ငလျင်သဘာဝဘေးထိခိုက်ခံရသည့် ပြည်သူများအတွက် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းရောက်ရှိမှုအနေဖြင့်-
- ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပစ္စည်း ၈၇၁၇၅ Kg တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် မတ်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာခဲ့။
- အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ စုစုပေါင်း တန်ချိန် (၄၀) တန်ခန့် တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura(F-48) နှင့် INS Savitri(P-53) တို့သည် မတ် လ ၃၁ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ တင်ဆောင်လာသော နောက်ထပ် စစ်ရေယာဉ် (၂) စင်း သည် ဧပြီလ ၁ ရက် နံနက်ပိုင်းတွင်လည်းကောင်း ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့။
- ကိုရီးယားနိုင်ငံရှိ Korea-Myanmar Friendship Interchange Association မှ ဥက္ကဋ္ဌ ဆရာတော် Venerable Mok Tak မှ အလှူငွေ စုစုပေါင်း ဝမ်(၅) သန်းကို မတ်လ ၃၁ ရက်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်လှူဒါန်းခဲ့။
- ဧပြီလ ၁ ရက်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှတစ် ဆင့် အလှူငွေ RMB 1,500,000 ကို ပေးအပ်လှူဒါန်းခဲ့။
- ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကို လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ပေးပို့သွားမည်ဖြစ် ကြောင်း မတ်လ ၃၁ ရက် ညနေပိုင်းတွင် ပါကစ္စတန်ဝန်ကြီးချုပ်ပြောကြား။
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်း ထားသည့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဦးစီးကော်မတီ၏ အစီအစဉ်ဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သဘာဝဘေးသင့်ဒေသများကို မတ်လ ၂၉ ရက်မှ စတင် ပြီး အရေးပေါ်ကယ်ဆယ် ကူညီရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၅)
- ဧပြီလ ၁ ရက်တွင် အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖိလစ် ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ စုစုပေါင်းလေယာဉ် ၁၄ စင်းဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာ ပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ရောက်ရှိခဲ့။
- ရုရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၉၅ ဦးနှင့် ကယ်ဆယ်ရေးယာဉ် ၄ စီး တင်ဆောင် လာသော လေယာဉ် ၂ စီး ထပ်မံရောက်ရှိခဲ့။
- ဘယ်လာရုစ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၃၃ ဦး၊ ကယ်ဆယ်ရေးယာဉ် ၂ စီး၊ ရှာ ဖွေကယ်ဆယ်ရေး ခွေး ၂ ကောင် တင်ဆောင်လာသော လေယာဉ် ၁ စီး ရောက်ရှိခဲ့။
- လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါး များ ရောက်ရှိလာခဲ့။
- ယူအေအီးနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀) ဦး၊ မော်တော်ယာဉ် (၅) စီး၊ ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများပါဝင်သော ယူအေအီးတပ်မတော်လေယာဉ် ၂ စီး ထပ်မံရောက်ရှိခဲ့။
- ဖိလစ်ပိုင်နိုင်ငံမှ အမှတ်(၅၀၅) ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ လေတပ်လေကြောင်းဆေးကုသ ရေးအဖွဲ့များ၊ အမှတ်(၇၁၀) လေတပ် အထူးစစ်ဆင်ရေးအုပ်စုမှ လေကြောင်းလုံခြုံရေးအဖွဲ့ များ မြန်မာနိုင်ငံသို့ စေလွှတ်။
- ဗီယက်နမ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအထောက်အကူပစ္စည်းများနှင့်အတူ အနံ့ခံရှာဖွေကယ် ဆယ်ရေးခွေးများပါဝင်တဲ့ K9 အဖွဲ့ ၂ ဖွဲ့ အပါအဝင် မီးသတ်နှင့် ကယ်ဆယ်ရေးရဲဌာနမှ အ တွေ့အကြုံရင့် အရာရှိ ၂၆ ဦးပါဝင်ပြီး ရဲမှူးကြီး ငုယင်မင်းခူး ဦးဆောင်သောအဖွဲ့ စေလွှတ်ခဲ့။
- အင်ဒိုနီးရှားတပ်မတော်၊ အမှတ်(၁) မရိန်းကင်းထောက်တပ်ရင်းကြီးမှ ရှေ့ပြေးဒုတိယအ သုတ် တပ်ဖွဲ့ဝင် ၃၉ ဦး စတင်ထွက်ခွာလာပြီး ရေတပ်ဆေးရုံသင်္ဘောကြီးနှင့် ရဟတ်ယာဉ်များ လိုက်ပါလာမည်ဖြစ်။
- တူကီယဲနိုင်ငံမှ အထူးကျွမ်းကျင်လေ့ကျင့်ထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့(GEA) ဧပြီလ ၁ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့။
- အမေရိကန်နိုင်ငံမှ ဆရာဝန်၊ သူနာပြုများ၊ ကယ်ဆယ်ရေးအဖွဲ့၊ သောက်ရေဆိုင်ရာကျွမ်းကျင် ပညာရှင်၊ ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အင်အား ၈၀ မှ ၁၃၀ ကြားပါဝင်သည့် Samaritan Purse အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့။
- တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း ၈၇၁၇၅ Kg ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာခဲ့။
- အိန္ဒိယရေတပ်မှ စစ်ရေယာဉ် ၄ စီးဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ ထပ်မံရောက်ရှိခဲ့။
- ကိုရီးယားနိုင်ငံရှိ Korea-Myanmar Friendship Interchange Association မှ ဥက္ကဋ္ဌ ဆရာတော် Venerable Mok Tak မှ အလှူငွေ စုစုပေါင်း ဝမ်(၅) သန်း လှူဒါန်းခဲ့။
- တရုတ်နိုင်ငံကြက်ခြေနီအသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှတစ်ဆင့် အလှူငွေ RMB 1,500,000 ကို ပေးအပ်လှူဒါန်းခဲ့။
- ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကို ပေးပို့သွားမည်ဖြစ်။
Add new comment