ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကျင်းပ

          ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲကို ဧပြီလ ရက်တွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံခဲ့ပါသည်။

          အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန် ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကျ ရောက် ခဲ့သည့် အခြေအနေများ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးပို့မှုအခြေအနေများ၊ စေတနာထက်သန်စွာဖြင့် လာရောက်လှူဒါန်းမှုများအပေါ် ကျေးဇူး တင်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြားရာတွင် -

  • မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး ၁၈ ကြိမ်အနက် ၁၉၁၂ ခုနှစ်၊ မေလ ၁၃ ရက် တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်(ခ်)တာစကေးရှိ မေမြို့ငလျင်သည် အပြင်းထန်ဆုံး ဖြစ်ပြီး ဒုတိယအပြင်းထန်ဆုံးမှာ လက်ရှိဖြစ်ပေါ်ခဲ့သည့် ပြင်းအား ဒသမ ရစ်(ခ်)တာ စကေးရှိ ငလျင်ဖြစ်ကြောင်း။
  • ငလျင်နှင့်ပတ်သက်ပါက အကြိမ်ကြိမ်အဖန်ဖန် လှုပ်ခတ်ခဲ့သည့် သင်ခန်းစာများရှိပြီးဖြစ် သဖြင့် ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ပျက် မှုများကိုသတိပြုရန်နှင့် သင်ခန်းစာ ရယူနိုင်ရန်လိုကြောင်း။
  • ငလျင်လှုပ်ခတ်ပြီးချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်မှုများ များပြားကြောင်း သိရှိရသည့်အတွက် မိမိအနေဖြင့် ငလျင်လှုပ်ခတ်အပြီး နာရီပိုင်းအတွင်းလှည့်လည်ကြည့် ရှုခဲ့ကြောင်း။
  • မြို့တွင်းရှိ အချို့သောလမ်းကြောင်းများ၊ အဆောက်အဦများအနေဖြင့် ထိခိုက်ပျက်စီးမှု အလွန်များ ပြားခဲ့သည်ကိုတွေ့ရသောကြောင့် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်နှင့်ပတ် သက်၍ မိမိအနေဖြင့် အသိပေးပြောကြားချက်တစ်ခုကို ချက်ခြင်းထုတ်ပြန်ပြောကြားခဲ့ ကြောင်း။
  • ထိုသို့ထုတ်ပြန်ချိန်တွင် မိမိတို့နိုင်ငံတစ်ခုတည်းအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ အချိန်များစွာယူရမည်ဖြစ် သည့်အတွက် ပြည်ပမှအကူအညီများရရှိစေရေးအတွက်လည်း ထည့်သွင်းပြောကြားခဲ့ ကြောင်း။
  • ထိုသို့ပြောကြားခဲ့သဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားအပြီး အချိန်နာရီအတိုင်းအတာ တစ်ခု အတွင်း တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင်  နိုင်ငံတကာမှ ကူညီကယ် ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာခြင်းကြောင့် ငလျင်ဒဏ် သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဝိုင်းဝန်းဆောင် ရွက်နိုင်ခဲ့ကြောင်း။
  • ထိုသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့ ခြင်းအတွက် နိုင်ငံတကာကိုလည်း မိမိတို့အနေဖြင့်များစွာ ကျေးဇူးတင်ရှိသည်ကိုပြော ကြားလိုကြောင်း။
  • အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်တို့အနေဖြင့်လည်း လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရေး ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် အပါအဝင်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊  နီကာရာဂွာနိုင်ငံတို့မှ အကြီးအကဲများမှ လည်း ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ ဆက်သွယ် ခြင်းနှင့် အခြားလိုအပ်သည့် အကူအညီများကို ပေးအပ်ခဲ့ကြကြောင်း။
  • နိုင်ငံတော်အနေဖြင့် ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ၁၉၁၂ ခုနှစ်ခန့်မှ စတင်၍ ငလျင်များလှုပ်ခတ်ခဲ့သည့် သင်ခန်းစာများ များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ငလျင်နှင့်ပတ် သက်၍ အလေးထားပြီးဆောင်ရွက်ရန် လိုအပ်ချက်များရှိသည်ကိုတွေ့ရကြောင်း။
  • အဆောက်အဦများနှင့်ပတ်သက်၍လည်း အဆောက်အဦများ ဆောက်လုပ်ရာတွင် ဖြစ် ပေါ်လာနိုင်မည့် ငလျင်ဒဏ်ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်များရှိခြင်း ကြောင့် ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးတွင် မလိုလားအပ်ပဲသေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက်အဆုံးများရှိခဲ့ရကြောင်း။
  • ဧပြီလ နံနက် နာရီအချိန်အထိ စာရင်းကောက်ယူမှုများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂၇၁၉  ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိ သည်ဟုသိရှိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း။
  • မိမိအနေဖြင့် ငလျင်ဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့စဉ် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက် ကြီးမားသည့်စိန် ခေါ်မှု ပင်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ် ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • အဆောက်အဦများနှင့်ပတ်သက်၍ အချို့အာမခံလုပ်ငန်းများ ဆောင်ရွက်ထားသည့် ဆောက်အဦများအား အာမခံလျော်ကြေးငွေများနှင့် အဆောက်အဦများ ဖျက်သိမ်းခွင့်ရရှိရေး အတွက် ဆောင်ရွက်သွားရန်လိုကြောင်း။
  • နိုင်ငံတော်အပိုင်းမှလည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိက တည်ဆောက်ရေးလုပ်ငန်းများအတွက်လည်း နိုင်ငံတော်အနေဖြင့် တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
  • ယခုအခမ်းအနားသို့ မလာရောက်မီ မိမိအနေဖြင့် လွှတ်တော်အဆောက်အဦများ ငလျင် ဘေးဒဏ်သင့်ခဲ့ရမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားသည့်အတွက်များစွာပြန် လည်ပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်သော်လည်း အကြမ်းဖက်အဖျက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ် တောက်စေရေးအပြင် အခြားသော အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေမှုများ ရှိကြောင်း။
  • ငလျင်ဘေးဒဏ်ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပတ် အပစ်အခတ်ရပ်စဲမည် ဟု ထုတ်ပြန်ထားပြီး တပ်မတော်အနေဖြင့် မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စခန်းကိုမျှ ဦးစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင် လိုအပ် သည့် တုံ့ပြန်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲဖိတ်ခေါ်တံခါးဖွင့် ထားလျက်ရှိပြီးဖြစ်ပြီး တိုင်းရင်းသားပြည်သူ အားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု၏အရသာကို  ခံစားနိုင်ရေး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြရန်လိုအပ် မည်ဖြစ်ကြောင်း။
  • အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို အကြမ်းဖက် သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ရွေးခြယ်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲ ဖော်ဆောင်ခြင်းများမရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ ကျင့်ပြင်ဆင်ခြင်းများလုပ်ဆောင်နေကြသည်ကို မိမိတို့အနေဖြင့် သိရှိပြီးဖြစ်ပြီး ထိုသို့ ဆောင်ရွက်နေခြင်းသည် တိုက်ခိုက်ခြင်းပင်ဖြစ်သဖြင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ယခုကဲ့သို့ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူ ဒါန်းမှုပြုကြသည့် စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံး ကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပြီးနောက် ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့။

          စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက အလှူငွေများ ဆက်လက် ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့က အသီးသီး လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနား တွင် ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း ၁၂ ဒသမ ဘီလီယံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံကို လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

မြေငလျင်ဘေးသင့် ပြည်သူများအား အလှူငွေပေးအပ်ပွဲများကို ဧပြီလ ရက်တွင် ကျင်းပ ပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးများ၌ ကျင်းပပြုလုပ်ခဲ့ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ခံစားခဲ့ရသည့် ပြည်သူများအတွက်-

  • ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အလှူရှင်များက စုစုပေါင်းအလှူငွေကျပ် သိန်းပေါင်း နှစ်သောင်း ခြောက်ထောင်ကျော်ကို လည်းကောင်း။
  • အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာခန်း၌ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေ ကျပ်သိန်း သုံးထောင်ကျော်ကို လည်းကောင်း။
  • ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ အလှူရှင်များက စုစုပေါင်းအလှူ ငွေကျပ်သိန်းပေါင်း ခုနှစ်ရာရှစ်ဆယ်ကျော်ကို လည်းကောင်း။
  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ စေတနာရှင် အလှူရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလှူငွေကျပ်သိန်း  တစ်သောင်းကျော်ကို လည်းကောင်း။
  • ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ အလှူရှင်များက စုစုပေါင်းအလှူ ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ခြောက်ရာကျော်ကို လည်းကောင်း။
  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်း၌ အလှူရှင်များက ငွေကျပ်သိန်း ကိုးထောင်ကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း။
  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ စေတနာရှင်အလှူရှင်များက ငွေကျပ် သိန်းနှစ်သောင်းခုနှစ်ထောင်ကျော်နှင့် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေး အပ်လှူဒါန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများက အသီးသီး လက်ခံရယူခဲ့။

မြေငလျင်ဘေးသင့် ပြည်သူများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စေတနာရှင် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများက လှူဒါန်းငွေစုစုပေါင်း ငွေကျပ် . ဘီလီယံကျော်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၅)

  • ငလျင်နှင့်ပတ်သက်ပါက အကြိမ်ကြိမ်အဖန်ဖန် လှုပ်ခတ်ခဲ့သည့် သင်ခန်းစာများရှိပြီး ဖြစ်သဖြင့် ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ပျက် မှုများကိုသတိပြုရန်နှင့် သင်ခန်းစာ ရယူနိုင်ရန်လို။
  • နိုင်ငံတော်အနေဖြင့် ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်။
  • ဧပြီလ နံနက် နာရီအချိန်အထိ စာရင်းကောက်ယူမှုများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ သူ ၂၇၁၉  ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိ သည်ဟုသိရှိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ။
  • ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်။
  • ငလျင်ဘေးဒဏ်ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပတ် အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ထားပြီး တပ်မတော်အနေဖြင့် မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စခန်းကိုမျှ ဦးစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင် လိုအပ်သည့် တုံ့ပြန်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်။
  • ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်း အနား တွင် ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း ၁၂ ဒသမ ဘီလီယံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံကို လက်ခံရရှိခဲ့ကြောင်း သိရှိရ။
  • မြေငလျင်ဘေးသင့် ပြည်သူများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စေတနာရှင်ပြည်သူ နှင့် နိုင်ငံ့ဝန်ထမ်းများက လှူဒါန်းငွေစုစုပေါင်း ငွေကျပ် . ဘီလီယံကျော်နှင့် ထောက်ပံ့ ပစ္စည်များအားသက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းခဲ့။

 

 

Add new comment