နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ဧပြီလ ၁ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦများနှင့် လွှတ်တော်အဆောက် အဦများ ထိခိုက်ပျက်စီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ-
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ် သဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခိုက်မှုဒဏ်ခံနိုင်ရေး၊ မြေငလျင် ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျ တွက်ချက်တည် ဆောက်ခဲ့မှုကြောင့် ယခုကဲ့သို့ ပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်မျှသာ ဖြစ်ပွားခဲ့ပြီး ပြုပြင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
- ပြင်းထန်သည့် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပညာရှင်များအတွက် ကြီးမား သည့် စိန်ခေါ်မှုဖြစ်ပြီး ယခုကဲ့သို့ ရှားပါးသည့် ပြင်းထန်သော ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် အချိန်တွင် ဆင်းတုတော်ကြီးနှင့်် ပလ္လင်တော်ကြီး၏အတိုင်းအတာအချက်အလက်များနှင့် Datum Point များ ပြောင်းလဲသွားခြင်းမရှိသည့်အပြင် ဆင်းတုတော်ကြီးနှင့်် ပလ္လင်တော်ကြီး တို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက်ပြားများအပါအဝင် အခြား သာသနိက အဆောက်အဦများရှိ မျက်နှာကြက်များနှင့် ပရိဝုဏ်တော်အတွင်းရှိ ပတ်လမ်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ခဲ့သည်မှာ မိမိတို့အတွက် များစွာဝမ်း မြောက်ဂုဏ်ယူရမည်ဖြစ်ပြီး အင်ဂျင်နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း။
- အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသည် အတွင်းအလယ်ဒေါက်တိုင် လုံးဝမပါရှိသည့် အတွင်း လိုဏ်သဏ္ဍာန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသော ထုထည်ကြီးမားသည့် သာသနိက အဆောက်အဦကြီးအတွင်း အနည်းငယ် ထိခိုက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များဖြင့် အဆင့်ဆင့်ထွင်းထုခဲ့ပြီး အပိုင်းများတွဲဆက်ရာတွင် ခိုင်မာမှုရရှိစေရေးအတွက် ခေတ်မီအင်ဂျင်နီယာ နည်းပညာများနှင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် တန်ချိန် ၂၀,၀၀၀ ထိခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခိုက်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စစ်မိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည်ဆောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ချိန်တွင် ထိခိုက်ပျက်စီးမှုလုံးဝမရှိခဲ့ ခြင်းဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦများသို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ အမှတ်(၁)ဂိတ်အဝင်တံခါးနှင့် မုခ်ဦး၊ အမျိုးသားလွှတ်တော် အဆောက်အဦတို့၏ အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အဆောက်အဦများ စနစ် တကျပြန်လည်ပြုပြင်တည်ဆောက်သွားရန်လိုကြောင်း၊ ပြုပြင်မှုများ ဆောင်ရွက်ရာတွင်လည်း ရေရှည်တည်တံ့စေရေးနှင့် အခိုင်မာဖြစ်စေရေး အဆင့်လိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း၊ ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွား ရန်လိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၅)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
- ယခုကဲ့သို့ ရှားပါးသည့် ပြင်းထန်သော ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် အချိန်တွင် ဆင်းတုတော် ကြီးနှင့်် ပလ္လင်တော်ကြီး၏အတိုင်းအတာအချက်အလက်များနှင့် Datum Point များ ပြောင်းလဲ သွားခြင်းမရှိသည့်အပြင် ဆင်းတုတော်ကြီးနှင့်် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့် ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက်ပြားများအပါအဝင် အခြားသာသနိက အဆောက်အဦများရှိ မျက်နှာ ကြက်များနှင့် ပရိဝုဏ်တော်အတွင်းရှိ ပတ်လမ်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အနည်း ဆုံးဖြစ်ခဲ့သည့်အတွက် အင်ဂျင်နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်။
- ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများသို့ သွားရောက်၍ ထိခိုက် ပျက်စီးခဲ့သည့် ပြည်သူ့လွှတ်တော် အဆောက်အဦ၊ ပြည်ထောင်စုလွှတ်တော် အဆောက်အဦ၊ အမှတ်(၁)ဂိတ်အဝင်တံခါးနှင့် မုခ်ဦး၊ အမျိုးသားလွှတ်တော်အဆောက်အဦတို့၏ အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
Add new comment