မြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်၌ ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ နိုင်ငံတကာခေါင်းဆောင်များမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကူအညီများပေးအပ်နိုင်ရေး အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အားပေးစကားပြောကြားခဲ့ပြီး လက်ရှိအခြေအနေများအား မေးမြန်းခဲ့ပါသည်-
- ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr.Mian Muhammed Shahbaz Sharif က အဆွေတော် တို့နိုင်ငံတွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခံစားခဲ့ရမှုနှင်ပတ်သက်၍ မိမိ တို့အနေဖြင့် များစွာဝမ်းနည်းမိကြောင်း၊ ပါကစ္စတန်အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ပေးပို့ပေးသွားမည်ဖြစ်သည့်အပြင် ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကိုလည်း ဆက်လက်ပေး ပို့သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အတူတကွ ပူးပေါင်း၍ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးကို ထူထောင်ထားသည့် နိုင်ငံများဖြစ်ပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံမြှင့်တင်လိုကြောင်း ပြောကြားခဲ့။
- နိုင်ငံတော်ဝန်ကြီးချုပ်က ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်၏ မေးမြန်းချက်များအပေါ် ပါကစ္စတန် နိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ၂၈ ရက်သည် သောကြာနေ့ဖြစ်သဖြင့် အစ္စလာမ်ဘာသာအရ ဝတ်ပြုဆုတောင်းသည့်နေဖြစ်သောကြောင့် အချို့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေ ဖြင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကွန်ရက်များ၌ ဖော်ပြလျက်ရှိသည့် ဗလီများတွင် ဝတ်ပြုဆုတောင်းနေသည့် အစ္စလာမ်ဘာသာဝင် ၇၀၀ ခန့် သေဆုံးသည်ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ အမှန်မှာ ဦးရေ ၅၀၀ ပတ်ဝန်းကျင်ခန့်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၄-၂၀၂၅)
- နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အပြင် ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကိုလည်း ပေးပို့ သွားမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်ထားသည့် နိုင်ငံများဖြစ်ပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံမြှင့်တင်လိုကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့။
Add new comment