နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်တွင် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များ ရအောင် ဆွေးနွေးနိုင်ခဲ့ပါသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြန်မာနိုင်ငံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေး ရှင်း (ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့မှ ဂုဏ်ယူဝမ်း မြောက်ပါကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၅)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ သွားရောက် သည့် ချစ်ကြည်ရေးခရီးစဉ်များတွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုး ပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်း (၁၂) ဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခဲ့။
Add new comment