နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ချင်းပြည်သစ်ကွန်ဂရက် ပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ မတ်လ ၆ ရက်တွင် လာရောက်လျှောက်ထားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၀ ရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ စုစုပေါင်းပါတီ ၇၀ ရှိပြီဖြစ်ပါသည်။ ယခုလျှောက်ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်အထိ ဆက်လက် တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်နှင့် အသစ်လျှောက်ထားသည့်ပါတီ စုစုပေါင်း ၇၀ ပါတီရှိသည့်အနက် ၆ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။ ၎င်းပါတီ ၅၆ ပါတီအနက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့် ပါတီ ၂ ပါတီ ရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၉ ပါတီ၊ တည်ထောင်ခွင့်စိစစ်ဆဲ ၂ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၃-၂၀၂၅)

  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လာရောက်လျှောက်ထားခဲ့။

 

  • ၂၀၂၅ ခုနှစ်၊ မတ်လ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၆ ပါတီရှိပြီး ယင်း ၅၆ ပါတီအနက် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့် ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေး ပါတီ ၅၄ ပါတီ၊ မှတ်ပုံတင်ခွင့်ငြင်းပယ် ၉ ပါတီ၊ တည်ထောင်ခွင့်စိစစ်ဆဲပါတီ ၂ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီရှိ။

 

Add new comment

Switch to plain text editor