တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့် အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ သည့်အပြင် နေအိမ်များ ပျက်စီးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များ အနီးတွင် အကြမ်းဖက်သမားများက ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းသာရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော မြင်းခြံမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ၎င်းတို့ အလိုကျ လိုက်ပါလုပ်ဆောင်ခဲ့ခြင်းမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ် ဆောင်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာ ရရှိခဲ့သည့်အပြင် အဆောက်အဦ ၈၅ လုံးပျက်စီးခဲ့ဟူသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများကို လက်နက် ကြီးများဖြင့်ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၅)
- မြင်းခြံမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူ သည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခဲ့ခြင်းမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ် ဆောင်လျက်ရှိကြောင်း သိရှိရ။
- နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦးဒဏ်ရာ ရရှိခဲ့သည့်အပြင် အဆောက်အဦ ၈၅ လုံးပျက်စီးခဲ့ဟူသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရ။
Add new comment