ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်တွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က-
- ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခု နိုင်ငံတော် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း။
- ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက် ပိုမိုတိုးတက်လာပြီဖြစ်ပါကြောင်း။
- မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ယခုကဲ့သို့ မော်စကိုမြို့တွင်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို မိမိ အနေဖြင့် ထပ်မံပြောကြားလိုပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ယခုကဲ့သို့ရုရှားနိုင်ငံ၏ အထင်ကရဖြစ်သည့် ကရင်မလင်နန်းတော်၌ အဆွေတော်နှင့် ပြန် လည်တွေ့ဆုံရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်းနှင့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း။
- ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ပါကြောင်း။
- နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှနေထိုင်ခဲ့ကြပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပါကြောင်း။
- ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်းဖြင့် ပြော ကြားခဲ့ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ပြီး အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီး များက ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ အာကာသသိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍနှင့် အခြားပူးပေါင်း ဆောင်ရွက်နိုင်သည့်ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ တို့က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးလဲလှယ်ခြင်း အခမ်းအနားတွင်-
- နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ ကိစ္စ ရပ်များဆိုင်ရာ သဘောတူညီချက်များ။
- ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းစာချွန်လွှာများ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေ နယ် ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ။
- ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာများ။
- ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ် ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနီးမြှပ်နှံ မှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း) အပေါ် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးမြောက်ခြင်းနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက် တို့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့ မှောက်၌ အသီးသီးလက်မှတ် ရေးထိုးလဲလှယ်ခဲ့။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၅)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ် ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း ဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများအပါအဝင် သဘောတူ ညီချက် ၁၀ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့ မှောက်၌ အသီးသီးလက်မှတ် ရေးထိုးလဲလှယ်ခဲ့။
Add new comment