နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အခြားဒုစရိုက်လုပ်ငန်းတွေကို နှိမ်နင်း လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များမှာ-
- မြန်မာနိုင်ငံအစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့်နဲ့ အခြားဒုစရိုက်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း။
- အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်ပြီး နှိမ်နင်းရေးတွေဆောင်ရွက်ရာတွင် ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မြဝတီမြို့အနီး ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း၌ အွန်လိုင်း လိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ရန် အဓမ္မလူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးတို့ကို ဖော်ထုတ်ရရှိပြီး ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း။
- ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်များအရ သူတို့သည် ကွန်ပျူတာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘာသာပြန်လုပ်ငန်းတွေမှာ လစာတွေအများအပြား လုပ်ကိုင်ရမည်ဟု အွန်လိုင်းကနေ တစ်ဆင့် သွေးဆောင်စည်းရုံးခြင်း၊ မက်လုံးပေးသိမ်းသွင်းခြင်း၊ လိမ်လည်ခြင်းခံခဲ့ရသည်ဟု သိရကြောင်း။
- မိုင်းရယ်မြို့နယ် မိုင်းဟဒေသ နောင်ဟန်ရွာအနီးတွင် ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေ သည့် အဆောက်အအုံ ၇ လုံးကို တွေ့ရှိရသည့်အတွက် ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရာတွင် လက်နက်တွေ၊ ခဲယမ်းတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ရာမှာအသုံးပြုသည့် ဖုန်း ၁၈၁ လုံး၊ လပ်တော့ ၂၅ လုံး၊ Desktop ၂၁ လုံး၊ ကီးဘုတ် ၂၈ ခုနဲ့ ဝိုင်ဖိုင်စက် ၂ လုံး၊ စတားလင့် အင်တာနက်ဆက်သွယ်ရေး စက် ၂ စုံနှင့် ဆိုလာများ၊ ဘက်ထရီများအား ဖမ်းဆီးရမိခဲ့ကြောင်း။
- မိုင်းရယ်မြို့အရှေ့တောင်ဘက် သတင်းရသည့်နေရာအား သွားရောက်ရှင်းလင်းရာတွင်လည်း တရုတ်နိုင်ငံသား ကျား ၇ ဦး၊ မ ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၈ ဦး၊ မ ၄ ဦးတို့ကို လက်နက် ၆ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
- မိုင်းကောင်၏ အနောက်တောင်ဘက်တွင်လည်း တရုတ်နိုင်ငံသား ကျား ၃ ဦး၊ မ ၁ ဦး ဗီယက်နမ်နိုင်ငံသား မ ၁၈ ဦး၊ မြန်မာနိုင်ငံသား ကျား ၂ ဦး၊ မ ၂၅ ဦးတို့နှင့်အတူ ကွန်ပျူတာ ၇၂ လုံး၊ စတားလင့် အင်တာနက်စက် ၅ လုံး၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းကိများနှင့်ပတ်သက်၍ မေးမြန်းထားသည်များ အား ပြန်လည်ဖြေကြားရာတွင်
- ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်လှုံ့ဆော်သူများ အနေဖြင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင် လျက်ရှိကြောင်း။
- ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် ပြည်သူ့စစ်မှုထမ်းကိစ္စများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းပြီး စုံစမ်းမေးမြန်းမှုများ၊ မသမာမှုများနှင့် ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းနှင့် မမှန် မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
- လက်ရှိတွင် အမျိုးသမီးများအပေါ် ခြိမ်းခြောက်မှုများရှိနေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအရ အမျိုးသမီးများအနေဖြင့် စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့ပါ သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ Website၊ webportal၊ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ Website၊ webportal နှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ Website၊ webportal၊ မြဝတီ webportal၊ Myanmar National portal တို့တွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၅)
- မြဝတီမြို့အနီး ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း၌ အွန်လိုင်း လိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ရန် အဓမ္မလူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးတို့ကို ဖော်ထုတ်ရရှိပြီး ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့။
- မိုင်းရယ်မြို့နယ် မိုင်းဟဒေသ နောင်ဟန်ရွာအနီးတွင် ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေ သည့် အဆောက်အအုံ ၇ လုံးကို တွေ့ရှိရသည့်အတွက် ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရာတွင် လက်နက်တွေ၊ ခဲယမ်းတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ရာမှာအသုံးပြုသည့် ဖုန်း ၁၈၁ လုံး၊ လပ်တော့ ၂၅ လုံး၊ Desktop ၂၁ လုံး၊ ကီးဘုတ် ၂၈ ခုနဲ့ ဝိုင်ဖိုင်စက် ၂ လုံး၊ စတားလင့် အင်တာနက်ဆက်သွယ်ရေး စက် ၂ စုံနှင့် ဆိုလာများ၊ ဘက်ထရီများအား ဖမ်းဆီးရမိခဲ့။
- လက်ရှိတွင် အမျိုးသမီးများအပေါ် ခြိမ်းခြောက်မှုများရှိနေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအရ အမျိုးသမီးများအနေဖြင့် စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေး။
Add new comment