နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှု အား ဖေဖေါ်ဝါရီလ ၈ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစီအစဉ်များအလိုက် အစမ်း လေ့ကျင့်နေမှုအား ကြည့်ရှု စစ်ဆေးခြင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၊ Digital Corner နည်းပညာပြခန်း၊ MSME နှင့်ချိတ်ဆက်ထားသည့်ဆက်စပ်လုပ်ငန်းပြခန်း၊ Business Matching Hall တွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွားရေး သံမှူးများနှင့် ပြည်ပပို့ကုန်ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန်အလှန် ဆက်သွယ်နိုင်ရေးဆောင်ရွက်ပေးထားမှုဝန်ဆောင်မှုပြခန်း၊ စသည်ဖြင့် ပြခန်းအလိုက် ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များအား တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတ သန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အထိ ဝန်ကြီး ဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၉၆) ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး ထုတ်ကုန်ပြိုင်ပွဲများတွင်ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း (၃၁) မျိုး အပေါ် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါငွေသားဆုအား ချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ်ဆောင်ရွက်ထားကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၅)

 

  • ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြခန်းစုစုပေါင်း (၉၆) ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်။
  • ထုတ်ကုန်ပြိုင်ပွဲများတွင်ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ချီးမြှင့်မည့် ဆုအမျိုးအစား ပေါင်း (၃၁) မျိုးအပေါ် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး အဆိုပါငွေသားဆုအား ချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ်ဆောင်ရွက်ထား။

 

 

 

Add new comment