မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အမှတ်( ၂ /၂၀၂၅) ၏ ကောက်နုတ်ချက်မှာ-
- ကော်မရှင်သည် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ပြည်သူများအား လူ့အခွင့် အရေးပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက်ခံရခြင်း မရှိစေရန် ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများ သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များနှင့် လိုက်လျောမှုရှိစေရန် အကြံပြုခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုသင့်သော လူ့အခွင့်အရေးစာချုပ်များကို အစိုးရအဖွဲ့သို့ တင်ပြအကြံ ပြုခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသာမက အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေးယန္တရားများနှင့် ထိတွေ့ဆောင်ရွက်ခြင်း စသည့်ကျယ်ပြန့်သိမ်မွေ့ သောတာဝန်နှင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ။
- ကော်မရှင်သည် လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများ လျော့ပါးစေရေးအတွက် တိုင်တန်းချက် များ ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းတို့ကို ထိရောက်စွာအကောင် အ ထည်ဖော်နိုင်ရန်၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများနှင့် လိုအပ်သည့်နေရာများသို့ သွား ရောက်စစ်ဆေးခြင်းတို့ကို နည်းလမ်းတကျဆောင်ရွက်ရန်၊ တည်ဆဲဥပဒေများ ပြင်ဆင်ခြင်း နှင့် ဥပဒေကြမ်းများ ရေးဆွဲခြင်းတို့တွင် လူ့အခွင့်အရေးစံများ ထည့်သွင်းစဉ်းစားလာစေရန်၊ နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုခြင်း မပြုရသေးသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူ စာချုပ်များကို လေ့လာသုံးသပ်ရန်၊ အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာလူ့အခွင့်အရေး ယန္တရား များ၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များ ဖြင့် ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
- နိုင်ငံသားတစ်ဦးသည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း တိုင်ကြားနိုင်။
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ကော်မရှင်သည် နိုင်ငံတော်၏ လူ့ အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြုထောက်ခံချက်များပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း၊ လိုအပ်ပါက လူ့အခွင့်အရေးနှင့်စပ်လျဉ်း သည့် အထူးအစီရင်ခံစာများကို နိုင်ငံတော်သမ္မတထံတင်ပြခြင်းများ ဆောင်ရွက်နိုင်။
ကော်မရှင်သည် လူ့အခွင့်အရေးကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကော်မရှင်ဥပဒေပါရည်ရွယ်ချက်များ အောင်မြင်စေရန် ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၅)
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ကော်မရှင်သည် နိုင်ငံတော်၏ လူ့ အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြုထောက်ခံချက်များပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း၊ လိုအပ်ပါက လူ့အခွင့်အရေးနှင့်စပ်လျဉ်း သည့် အထူးအစီရင်ခံစာများကို နိုင်ငံတော်သမ္မတထံတင်ပြခြင်းများ ဆောင်ရွက်နိုင်။
- နိုင်ငံသားတစ်ဦးသည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း တိုင်ကြားနိုင်။
- ကော်မရှင်သည် လူ့အခွင့်အရေးကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း။
Add new comment