ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ပါမောက္ခချုပ် များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
- တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(Grade-9) နှစ်ဆုံး စာမေးပွဲများ နီးကပ်လာပြီဖြစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
- ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ်လူတော်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တပည့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် စေတနာအပြည့်ထား၍ သင်ကြားပေးကြစေရေးအတွက် တိုက်တွန်းပါကြောင်း ပြောကြားခဲ့။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကာ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပြီး တက္ကသိုလ်အလိုက် မှတ်တမ်းတို Documentary ပြုစုရေး၊ အဝေးသင်ပညာရေးမြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ အခြေခံပညာရေးအဆင့် ကတည်းက အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရေး၊ ကျောင်းသား ကျောင်းသူ များ စာဖတ်ရှိန်မြှင့်တင်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ဆရာ ဆရာမများအရည်အသွေးမြင့်မားအောင် လေ့ကျင့်ပေးရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေး နွေး တင်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၂-၂၀၂၅)
- Grade-5 နှင့် Grade-9 နှစ်ဆုံး စာမေးပွဲများ နီးကပ်လာပြီဖြစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်။
- ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ်လူတော်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်။
- တပည့်ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် စေတနာအပြည့် ထား၍ သင်ကြားပေးကြစေရေးအတွက် တိုက်တွန်း။
Add new comment