နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီလ ၂၈ ရက်တွင် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန Ruy Barbosa Room၊ Palacio Itamaraty ၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယဝန်ကြီးအဆင့် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံ အကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ကဏ္ဍနှင့် ကောင်စစ်ရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။
ဇန်နဝါရီလ ၃၀ တွင် ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ အစိုးရ၏ နိုင်ငံတကာဆက်ဆံရေး ဌာန အကြီးအကဲ မစ္စတာ ပါကိုဘရစ်တိုနှင့်လည်းကောင်း၊ ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူး မစ္စမာရီယာ လွီဇာဟီဘေးရိုးလိုးပက်စ်ဒါဆီ(လ်)ဗာနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆောင်ရွက် လျက်ရှိသည့် နှစ်နိုင်ငံသံတမန်မြေ အပြန်အလှန်လဲလှယ်ရေး၊ မြန်မာအစိုးရနှင့် ဘရာဇီးလ် ဖယ်ဒရယ်အစိုးရအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South - South Cooperation) အောက်တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များ တိုးမြှင့်နိုင်ရေးနှင့် အခြားပူးပေါင်း ဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၂-၂၀၂၅)
- ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူ များအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲနှင့် ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးတို့အား သီးခြား တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံသံတမန်မြေ အပြန်အလှန်လဲလှယ်ရေး၊ မြန်မာအစိုးရနှင့် ဘရာဇီးလ်ဖယ်ဒရယ်အစိုးရ အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့။
Add new comment