၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၉.၇၆ ကီလို၊ ဘိန်းဖြူ ၅၂၀.၆၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၇၅၀,၀၄၂ ပြား၊ စိတ်ကြွဆေးပြားအကြေ ၂.၈ ကီလို၊ အိုက်စ် ၁,၀၉၄.၀၇ ကီလို၊ ဆေးခြောက် ၂၆.၈၁ ကီလို၊ ဆေးခြောက်အဆီ ၀.၀၀၆ လီတာ၊ ဘိန်းဆီခဲ ၀.၅၅ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၃၉ ကီလို၊ ဘိန်းစာရွက် ၈၄.၃၅ ကီလို၊ ဘိန်းစာမှုန့် ၁.၉ ကီလို၊ ဘိန်းစာရည် ၄၈ လီတာ၊ ဘိန်းရည် ၂ လီတာ၊ အက်တက်စီဆေးပြား ၅၇၅ ပြား၊ အက်တက်စီဆေးပြားအကြေ ၀.၀၃ ကီလို၊ လိုရာဇီဆေးပြား ၆၀ ပြား၊ Erimin 5 ဆေးပြား ၂၀၀ ပြား၊ ကတ်တမင်း ၆.၉၈ ကီလို၊ Happy Water ၈.၃၅ ကီလို၊ ချောင်းဆိုး ပျောက်ဆေးရည် ၃.၄၂ လီတာ၊ ကဖင်း ၃,၀၀၀ ကီလို၊ Sulphuric Acid ၂,၄၇၀.၆၅ လီတာ၊ Vanillin ဆေးမှုန့် ၇၅ ကီလိုနှင့် အနံ့ဆေးရည် ၃၆၀ လီတာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၇၄,၂၃၉.၉၇၃ (US$ ၂၂.၉၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံအမျိုးသား ၅၄၅ ဦး၊ အမျိုးသမီး ၉၆ ဦး၊ စုစုပေါင်း တရားခံ ၆၄၁ ဦးဖမ်းဆီး ရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၄)

  • နိုဝင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၇၄,၂၃၉.၉၇၃ (US$ ၂၂.၉၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၄၅ ဦး၊ အမျိုးသမီး ၉၆ ဦး၊ စုစုပေါင်းတရားခံ ၆၄၁ ဦးတို့အား ဖမ်းဆီးရမိခဲ့။

 

 

 

Add new comment