ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးတို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခြင်း ခံရသည့် Mr. Arnaud de Baecque တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်-

    • ဒီဇင်ဘာလ ၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာသက်ခိုင်ဝင်း ဌာနေကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံ များနှင့် ပြန်လည်သန်စွမ်းရေးဌာနများကို အဆင့်မြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် သင်ကြားပို့ချရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု ကိစ္စ ရပ်များကို ဆွေးနွေးခဲ့။
    • ဒီဇင်ဘာလ ၁၀ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် ဌာနေကိုယ်စားလှယ်ဟောင်းနှင့်တွေ့ဆုံစဉ် လူသားချင်းစာနာမှုအကူအညီပေး ရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ မိုင်းအန္တရာယ် အသိပညာ‌‌‌‌ပေးရေး၊ မိုင်းအန္တရာယ် ကြောင့် ထိခိုက် ခံနေရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့။
    • ဒီဇင်ဘာလ ၁၀ ရက်တွင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဌာနေကိုယ်စားလှယ်ဟောင်းနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ICRC မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)

 

  • တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စား လှယ်များနှင့်လက်ခံတွေ့ဆုံစဉ် လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံ များနှင့် ပြန်လည်သန်စွမ်းရေးဌာနများကို အဆင့်မြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် သင်ကြားပို့ချရေး ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီ ပေးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ မိုင်းအန္တရာယ် အသိပညာ‌‌‌‌ပေးရေး၊ မိုင်းအန္တရာယ် ကြောင့် ထိခိုက်ခံနေရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့။

 

 

 

 

Add new comment