အကြိမ်(၆၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ ကွန်ဖရင့်၊ အဆင့်မြင့်အရာထမ်းများဆွေးနွေးပွဲနှင့် (၄၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ဥက္ကဋ္ဌများအစည်းအဝေးကျင်းပ

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဒီဇင်ဘာလ  ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် အကြိမ် (၆၀) မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ ကွန်ဖရင့်၊    အဆင့်မြင့် အရာထမ်းများ ဆွေးနွေးပွဲနှင့် (၄၄) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့ ဥက္ကဋ္ဌများ အစည်းအဝေးသို့   မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေ ခေါင်းဆောင် သော ကိုယ်စားလှယ်အဖွဲ့၊  အဖွဲ့ဝင်နိုင်ငံများမှ   ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများဖြစ်သည့် Bank for International Settlement (BIS) ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ဒီဇင်ဘာလ ၆ ရက်တွင် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဈေးကွက်များ၏ အခြေအနေနှင့် အလားအလာများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် အာရှစီးပွားရေး အပေါ် အကျိုးသက်ရောက်မှု ခေါင်းစဉ်များ၊ ဒီဇင်ဘာလ ၇ ရက်တွင် SEACEN Center မှ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့်သင်တန်းများနှင့်ပတ်သက်၍ Hybrid ပုံစံဖြင့် In-person နှင့် Online တစ်ပြိုင်တည်းပြုလုပ်နိုင်ရေး၊ Research Project ကိစ္စရပ်များ၊ EXCO မှ အတည်ပြုထားသော ၂၀၂၅ ခုနှစ်တွင်အသုံးပြုရမည့် ဘတ်ဂျက်လျာထား အသုံးစရိတ်များနှင့် SEACEN ၏တံခါးပိတ် အစည်းအဝေးတွင် SEACEN ၏ Senior Management များနှင့်ပတ်သက်၍ စည်းမျဉ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၄)

 

  • ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဈေးကွက်များ၏ အခြေအနေနှင့် အလား အလာများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် အာရှစီးပွားရေးအပေါ် အကျိုး သက်ရောက်မှု ခေါင်းစဉ်များ၊ EXCO မှ အတည်ပြုထားသော ၂၀၂၅ ခုနှစ် တွင်အသုံးပြုရမည့် ဘတ်ဂျက်လျာထား အသုံးစရိတ်များနှင့် SEACEN ၏ တံခါးပိတ် အစည်းအဝေးတွင် SEACEN Senior Management များနှင့်ပတ်သက်၍ စည်းမျဉ်းများကို ဆွေးနွေးခဲ့။

 

 

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 4096821667d645283b7d70.76356312 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).