၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင် ဘာလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများ နှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကံကော်ပင်အား စိုက် ပျိုးပေးပြီး ဖွင့်ပွဲအခမ်းအနားအား စတင်ကျင်းပရာ အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလံများကို ဝေဟင်ထက်မှ မြေပြင် သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ဂုဏ်ပြုဆင်းသက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အလေးပြုကြပါသည်။
အခမ်းအနားတွင် “ကျွန်ုပ်တို့ မြန်မာပြည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး မီးအလှပြမှု (Lighting Show) ကို တင်ဆက်ပြသခြင်း၊ အခမ်းအနားအား အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ပြီး တစ်ချိန်တည်းတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခြင်း၊ နိုင်ငံတော် စစ်တီးဝိုင်းက ကွင်းအတွင်း နေရာယူပြီး အလံတော်အဖွဲ့ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲ ဝင်အားကစားအသင်များ ကွင်းအတွင်းသို့ ဝင်ရောက်ချီတက်နေရာယူကြကာ နိုင်ငံတော်အလံကို လွှင့်တင်၍ အလေးပြုခြင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများက အမျိုးသားအားကစားပွဲတော်အလံကို ကွင်းအတွင်းသို့ သယ်ဆောင်လာပြီး အလံကိုလွှင့်တင်ကြခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနား၌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင်-
- ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးကို “နိုင်ငံတော်၏ အားကစားအဆင့် အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင် မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလား အလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာစေရေးနှင့် ပြည်သူတစ်ရပ်လုံး အား ကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှား ကစားလာ စေရေး” ဟူသည့် ဦးတည်ချက်များဖြင့် ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
- ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုး သားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခု ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဆယ်နှစ်နီးပါးအကြာတွင် ပြန်လည်ကျင်းပနိုင်ခြင်းလည်း ဖြစ်ကြောင်း။
- အားကစားကို မြှင့်တင်ဆောင်ရွက်ခြင်းကို မွန်မြတ်သည့် လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော် အတွက်အရေးပါသည့် အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့ တန်ဖိုးထားပြီး ဆောင်ရွက် ကြမည်ဆိုပါက နိုင်ငံအတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း။
- ၁၉၉၂ ခုနှစ်ကစတင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်အပါအဝင် ကျင်းပပြီးစီး ခဲ့သည့် အမျိုးသားအားကစားပွဲတော်များမှ အားကစားနည်းအလိုက် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ကြောင်း။
- ခေတ်အဆက်ဆက်က မိမိတို့၏တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင်အားကစား သမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ပြီး မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် အလံတိုင်ထိပ် ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြကြောင်း။
- နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကိုအလွန်မြင့်မားစေပြီး နိုင်ငံ၏အဆင့် အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်မှာ ကြားလို ကြောင်း။
- ထူးချွန်အားကစားသမားတွေ ပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်ထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိ သောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတစ်ရပ်လုံး က လိုက်ပါဆောင်ရွက်နိုင်ကြရန် လိုကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဆုကြေးငွေအပါအဝင် ဂုဏ်ပြုချီးမြှင့်မှုများကို ထိုက်ထိုက်တန်တန် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် လစဉ် ထောက်ပံ့ကြေးများနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးလျက်ရှိကြောင်း။
- အားကစားကဏ္ဍ တိုးတက်အောင်မြင်ရေးဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဝန်ကြီးဌာန များနှင့် အားကစားနည်းအလိုက် အဖွဲ့ချုပ်များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံ ယူပြီး ဝိုင်းဝန်းကူညီ ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုကြောင်း။
- ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်တိုင်း အားကစားနည်းတစ်မျိုး မျိုးကို ပါဝင်ကစားစေရေး စီမံကိန်းချမှတ်ဆောင်ရွက်ခြင်းနှင့် အားကစားပြက္ခဒိန် ရေးဆွဲ ပြီး အခြေခံပညာအဆင့်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ဆောင်ရွက်ပေးနိုင်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
- အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ တရားမျှတစွာယှဉ်ပြိုင်ခြင်း၊ မလျှော့သည့်ဇွဲ၊ လုံလ၊ ဝီရိယ၊ သတ္တိတို့ဖြင့် အနိုင်မခံ အရှုံး မပေး ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည့်အပြင် အနိုင်ရပါက ရှုံးနိမ့်သူကိုအားပေးရန်၊ မိမိ ရှုံးခဲ့ပါကလည်း အရှုံးကိုလက်ခံပြီး အနိုင်ရသူကို မုဒိတာပွားအားပေးရန်၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခ တစ်စုံတစ်ရာဖြစ်လာပါကလည်း ကူညီခြင်းဖြင့် အားကစား ယဉ်ကျေးမှုကို မြှင့်တင်ကြရန် မှာကြားလိုကြောင်း။
- တာဝန်ရှိသူများအနေဖြင့်လည်း ပြိုင်ပွဲအသီးသီးမှ ထွက်ပေါ်လာသည့် အရည်အသွေးမြင့် အားကစားသမားများကို စနစ်တကျစခန်းသွင်းလေ့ကျင့်ပေးပြီး (၃၃) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများဖြစ်လာအောင် လေ့ကျင့်ပေးသွားရမည် ဖြစ်ကြောင်း။
- အားကစားသမား မောင်မယ်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိ အောင် ပါဝင်ယှဉ်ပြိုင်ကြပြီး ယခုအားကစားပွဲတော်မှ နိုင်ငံ့လက်ရွေးစင်အားကစား သမားများအဖြစ်မှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများစွာပေါ်ထွက်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းဖြင့် မိန့်ခွန်းပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် မီးရှူးမီးပန်း များ ပစ်ဖောက်ခဲ့။
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် မီးရှူးတိုင်ကို မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြကာ အထူးတန်း ပွဲကြည့်စင်ရှေ့ စင်မြင့်ပေါ်ရှိ မီးရှူးတိုင်တွင် မီးထွန်းညှိကြပြီးနောက် အားကစားသမား များနှင့် ဒိုင်လူကြီးများက အားကစားသစ္စာဓိဌာန်ကို ရွတ်ဆိုကြပြီး အလံတော်အဖွဲ့နှင့် ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက် ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များ၏ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အထင်အရှားရှိခဲ့သည့် ခေတ် ၆ ခေတ်ကို ကိုယ်စားပြုသည့် ယိမ်းအကများဖြင့် သရုပ်ဖော်တင်ဆက်မှု၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ပြ ဖျော်ဖြေမှုများ၊ တေးသီချင်းများဖြင့် သီဆိုတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပါသည်။
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားအောင် မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများနှင့် အနု ပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါသည်။
ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေလ (၃) ရက်မှ (၁၆) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၂) နည်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီလ (၂၅) ရက်မှ ဖေဖော်ဝါရီလ (၆)ရက် အထိ ရန်ကုန်မြို့၌ အားကစား နည်း(၂၄)နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ (၁၁) ရက်မှ (၂၄) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၉) နည်းဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီလ (၁၃) ရက်မှ (၂၈) ရက်အထိ နေပြည်တော်၌ အားကစားနည်း (၂၇) နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အားကစားနည်း(၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း နှင့် မသန်စွမ်းအားကစားနည်း (၄) နည်း၊ စုစုပေါင်း (၃၃) နည်းတို့ဖြင့် ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပ လျက်ရှိကြောင်း၊ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများအား ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအဆင့် အားကစားနည်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၄)
- အမျိုးသားအားကစားပွဲတော်ကြီးကို “နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့် မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစား သမား များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာစေရေးနှင့် ပြည်သူ တစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှား ကစားလာ စေရေး” ဟူသည့် ဦးတည်ချက်များဖြင့် ချမှတ်ဆောင်ရွက်ခြင်းဖြစ်။
- ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသား တို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသား ရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသ နိုင်သည့် ပွဲတော်ကြီးပင်ဖြစ်။
- မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်လေးကြိမ်ကျင်းပခဲ့ပြီး ယခု ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်ကို ဆယ်နှစ်နီးပါးအကြာတွင် ပြန်လည်ကျင်းပနိုင်ခြင်းလည်းဖြစ်။
- နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကို အလွန်မြင့်မား စေပြီး နိုင်ငံ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လို။
- ထူးချွန်အားကစားသမားများပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်ထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင် ရွက်နိုင်ကြရန်လို။
- မိမိတို့အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများကို ဆုကြေးငွေအပါအဝင် ဂုဏ်ပြုချီးမြှင့်မှုများကို ထိုက်ထိုက် တန်တန် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အား ကစားသမားဟောင်းကြီးများကိုလည်း လစဉ် ထောက်ပံ့ကြေးများနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့် ပေးလျက်ရှိ။
- ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်တိုင်း အားကစားနည်းတစ်မျိုးမျိုးကို ပါဝင်ကစားစေရေး စီမံကိန်းချမှတ်ဆောင်ရွက်ခြင်းနှင့် အားကစားပြက္ခဒိန်ရေးဆွဲပြီး အခြေခံ ပညာအဆင့်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ဆောင်ရွက်ပေးနိုင် ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်။
- အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ တရားမျှတစွာယှဉ်ပြိုင်ခြင်း၊ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်တို့ဖြင့် ယှဉ်ပြိုင်သွားကြရမည်ဖြစ် သည့်အပြင် အနိုင်ရပါက ရှုံးနိမ့်သူကိုအားပေးရန်၊ မိမိရှုံးခဲ့ပါကလည်း အရှုံးကိုလက်ခံပြီး အနိုင် ရသူကို မုဒိတာပွားအားပေးရန်၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခ တစ်စုံတစ်ရာဖြစ်လာ ပါကလည်း ကူညီခြင်းဖြင့် အားကစားယဉ်ကျေးမှုကို မြှင့်တင်ကြရန်လို။
- ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်၌ ဝန်ကြီးဌာန အဆင့် အားကစားနည်း(၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း နှင့် မသန်စွမ်းအားကစားနည်း (၄) နည်း၊ စုစုပေါင်း (၃၃) နည်းတို့ဖြင့် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပလျက်ရှိ။
Add new comment