(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာ၌-
- ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့သည် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ကြေညာခဲ့သည့် (၇၆) နှစ် ပြည့် မြောက်သည့်နေ့ဖြစ်ပြီး အဆိုပါနေ့ကို ဂုဏ်ပြုသတ်မှတ်သည့် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့သည်လည်း (၇၆)နှစ်မြောက် အခါသမယကို ရောက်ရှိလာပြီဖြစ်ကြောင်း။
- မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထောက်ခံအတည်ပြုခဲ့ရုံ သာမက နိုင်ငံတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံသူ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့်တာဝန်များကို ထည့်သွင်းဖော်ပြထားကြောင်း။
- နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းသား ပြည်သူ များအကြား လူ့အခွင့်အရေးများကို ရရှိခံစားစောင့်ထိန်းလိုက်နာကြရန် လိုအပ်သဖြင့် နိုင်ငံတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ထားပြီး နိုင်ငံအဆင့်အစီရင်ခံစာများတင်သွင်းခြင်းနှင့် ကမ္ဘာ့နိုင်ငံ အားလုံး၏လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) တို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံသားများ၏လူ့အခွင့်အရေး ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ကော်မရှင်အနေဖြင့်လည်း လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်း တို့ကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထွက်ပေါ်လာစေရေး ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း
- မိမိတို့အနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အခွင့် အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ပြည်သူအားလုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက် လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း။
- ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
- တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ချိုးဖောက်နေကြသောကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့် အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြရန်အတွက် စည်းလုံးညီညွတ် ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲဆန့်ကျင် တိုက်ဖျက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးပျက်ပြားစေသည့် အမုန်းစကား များ၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို တန်ပြန်ဖယ်ရှား၍ မျှတမှန်ကန်မှု ရှိသည့်၊ စည်းစနစ်ကျသည့် အခွင့်အရေးများကို ဖော်ဆောင်ကြရမည်ဖြစ်ပြီး ထိုသို့ဖော်ဆောင်မှ သာလျှင် လူ့အခွင့်အရေးဆိုသည်မှာ ငြိမ်းချမ်းပြီး တန်းတူညီမျှသည့် ကမ္ဘာကြီးအတွက် အခြေခံကျသည့် ခွန်အားအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း။
- ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး လူ့အခွင့်အရေးစံနှုန်းမြင့်မားသည့် နိုင်ငံဖြစ်လာရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြော ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဥက္ကဋ္ဌက (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်း အမှတ်တံဆိပ်အား ဂါရဝပြုပေးအပ်ပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက လူ့အခွင့်အရေးကော်မရှင်သီချင်းဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေခဲ့ကြ ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် ပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)
- နိုင်ငံတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များတွင် အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင်ထားပြီး နိုင်ငံအဆင့်အစီရင်ခံစာများတင်သွင်းခြင်းနှင့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) တို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိ။
- မိမိတို့အနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေး များ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- ပြည်သူအားလုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက် လျှောက် လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်။
- တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့် အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင် ကြရန်အတွက် စည်းလုံးညီညွတ်ပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူ အားလုံးက လက်တွဲဆန့်ကျင် တိုက်ဖျက်သွားကြရန်လို။
- တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးပျက်ပြားစေသည့် အမုန်းစကားများ၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို တန်ပြန်ဖယ်ရှား၍ မျှတမှန်ကန်မှုရှိသည့်၊ စည်းစနစ် ကျသည့် အခွင့်အရေးများကို ဖော်ဆောင်မှသာ လူအခွင့်အရေးသည် ငြိမ်းချမ်းပြီး တန်းတူညီမျှ သည့် ကမ္ဘာကြီးအတွက် အခြေခံကျသည့် ခွန်အားအဖြစ် ရောက်ရှိလာမည်ဖြစ်။
Add new comment