နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

          မြန်မာနိုင်ငံ   သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာ အခမ်းအနားသို့ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • မိမိအနေဖြင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကိုအလေးထားသကဲ့သို့ သတင်း မီဒီယာ လောကဖွံ့ဖြိုးတိုးတက်ရန်အတွက်  အမြဲတမ်းစိတ်အားထက်သန်စွာ ဆောင်ရွက် ပေးလျက်ရှိကြောင်း။
  • မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည် ဟု ပြဋ္ဌာန်းထားကြောင်း။
  • လွတ်လပ်ခွင့်သည့်အတိုင်းအတာနှင့်ဖြစ်ပြီး သူတစ်ပါးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို ဖြစ်စေ၊ နိုင်ငံတော်ကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီမဟုတ်ဘဲ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုပါ  ထိပါးပုတ်ခတ်ရေးသား ဖော်ပြခြင်းမျိုး မဖြစ်ရန်လိုကြောင်း။
  • ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာ သမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
  • ယင်းမီဒီယာသမားများမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည် ပြိုကွဲပျက်စီးအောင် ရည်ရွယ် ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြခြင်းပင် ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်သည် နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင် နေရချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပဩဇာခံမီဒီယာသမားများသည် ‌ခေတ်အ အမျိုးမျိုးက ဖြတ်သန်းလာခဲ့ရသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်း စကားများနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာ အောင် လုပ်ဆောင်နေကြကြောင်း။
  • သတင်းမီဒီယာသမားများသည် နိုင်ငံ့အရေး၊ ပြည်သူ့အရေးကိစ္စများတွင် မိမိအကျိုးစီးပွား အပါအဝင် မိမိယူဆချက်၊ မိမိသဘောထားကို ရှေ့တန်းမတင်ဘဲ “အတ္တနောမတိ” ကင်း ကင်းဖြင့် အရာရာကို ရေးသား ရှုမြင်ဆင်ခြင်ပေးကြရန် တိုက်တွန်းလိုကြောင်း။
  • “အစွဲ” တစ်ခုကို လက်ကိုင်ပြုပြီး ဓမ္မဓိဋ္ဌာန်ကျကျ မရှုမြင်ဘဲ မိမိထင်ရာ မြင်ရာ ယုံကြည် ရာကိုသာ ဇောင်းပေးပြောဆိုခြင်းများ၊ အခြားတစ်ဖက်၏ မတူကွဲပြားသည့် အတွေး အမြင်များ၊ ယုံကြည်မှုများကို မျက်ကွယ်ပြုပြီး အမုန်းစကား အခြေခံများဖြင့်သာ ထုတ် လွှင့်ဖော်ပြနေမည်ဆိုပါက ဖြောင့်မတ်တည်ကြည်မှု ကင်းမဲ့သည့် သတင်းမီဒီယာသမား များအဖြစ် မှတ်ယူခံရနိုင်သည်ကို သတိပြုပေးကြရန် အသိပေးပြောကြားလိုကြောင်း။
  • စာပေပညာရှင်ကြီးများကို ဂုဏ်ပြုပြီး စာပေပညာ ရှင်ကြီးများ၏ စာပေလက်ရာမွန်များ၊ ၎င်းတို့၏ အတ္ထုပ္ပတ္တိနှင့် ဖန်တီးရေးဖွဲ့ခဲ့သည့် အနုပညာပစ္စည်းများကို ခမ်းခမ်းနားနား ထုတ်ဖော်ပြသရန်နှင့် စာပေဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်စာဆိုဗိမာန်ကြီးတစ်ခုကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးများတွင် သက်ကြီး စာပေပညာရှင်ကြီးများ၊ သက်ကြီးအနုပညာရှင်ကြီးများကို အခါအားလျော်စွာ ထောက်ပံ့ ကူညီမှုများ လုပ်ပေးနေသည်ကို တွေ့မြင်နေရကြောင်း။
  • မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် သက်ကြီးအငြိမ်းစား သတင်းစာဆရာကြီးများ အတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပြုပေးနိုင်ရန် နှင့် ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတ၊ အတွေးအမြင်များကို နိုင်ငံတော်နှင့် မျိုးဆက်သစ်သတင်းသမားများအား လက်ဆင့်ကမ်း ဆောင်ရွက်ပေးနိုင်ရန်လည်း နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
  • သတင်းမီဒီယာအလုပ်ဆိုသည်မှာ ကျယ်ပြန့်သည့် သဘောရှိသည့်အတွက် ပုံစံတကျ ဘောင်ခတ်သတ်မှတ်ရန် မဖြစ်နိုင်သော်လည်း သတင်းမီဒီယာ ရေစီးကြောင်းတွင် ပါဝင် စီးမျောနေကြသူများ၏ အသိဉာဏ်ပညာများ၊ ဆင်ခြင်တုံတရားများဖြင့်သာ ထိန်း ကျောင်းပဲ့ပြင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • အင်အားကြီးနိုင်ငံအချို့က လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် မိမိတို့နိုင်ငံကို အပြစ်ရှာပြောဆိုပြီး ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန် ကြိုးပမ်းနေ ကြကြောင်း။
  • ယင်းအခြေအနေတွင် စတုတ္ထမဏ္ဍိုင်ဟု အမည်ခံထားကြသည့် သတင်းမီဒီယာသမားများ အနေဖြင့် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို သမာသမတ်ကျကျ၊ မျှမျှတတ ရေး သားဖော်ပြ ထုတ်လွှင့်ပေးကြရန်၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ အသုံးချခံ လက်ကိုင်တုတ်မှ အဖြစ်မခံဘဲ နှောင်ကြိုးမဲ့စွာ ဆောင်ရွက်ပေးကြရန်၊ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ် ထားပေးကြရန်၊  တိုင်းပြည်မငြိမ်သက် အောင်၊ ဆူပူအုံကြွအောင် သွေးထိုးမှိုင်းတိုက်ထုတ်လွှင့်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)

 

  • မိမိအနေဖြင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကိုအလေးထားသကဲ့သို့ သတင်းမီဒီယာ လောကဖွံ့ဖြိုးတိုးတက်ရန်အတွက်  အမြဲတမ်းစိတ်အားထက်သန်စွာ ဆောင်ရွက်ပေးလျက်ရှိ။
  • လွတ်လပ်ခွင့်သည့်အတိုင်းအတာနှင့်ဖြစ်ပြီး သူတစ်ပါးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကို ဖြစ်စေ၊ နိုင်ငံတော်ကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီမဟုတ်ဘဲ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုပါ  ထိပါးပုတ်ခတ်ရေးသား ဖော်ပြခြင်းမျိုး မဖြစ်ရန်လို။
  • ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီ အသွင် ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများ ကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေ။
  • ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပဩဇာခံမီဒီယာသမားများသည် ခေတ်အအမျိုးမျိုးက ဖြတ်သန်း လာခဲ့ရသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာအောင် လုပ်ဆောင်နေ။
  • အစွဲတစ်ခုကို လက်ကိုင်ပြုပြီး ဓမ္မဓိဋ္ဌာန်ကျကျ မရှုမြင်ဘဲ မိမိထင်ရာမြင်ရာ ယုံကြည်ရာကို သာ ဇောင်းပေးပြောဆိုခြင်းများ၊ အခြားတစ်ဖက်၏ မတူကွဲပြားသည့် အတွေးအမြင် ယုံကြည်မှု များကို မျက်ကွယ်ပြုပြီး အမုန်းစကားအခြေခံများဖြင့်သာ ထုတ်လွှင့်ဖော်ပြနေမည်ဆိုပါက ဖြောင့်မတ်တည်ကြည်မှု ကင်းမဲ့သည့် သတင်းမီဒီယာသမားများအဖြစ် မှတ်ယူခံရနိုင်သည်ကို သတိပြုပေးကြရန်လို။
  • သတင်းမီဒီယာအလုပ်ဆိုသည်မှာ ကျယ်ပြန့်သည့်သဘောရှိသည့်အတွက် ပုံစံတကျ ဘောင်ခတ် သတ်မှတ်ရန် မဖြစ်နိုင်သော်လည်း သတင်းမီဒီယာရေစီးကြောင်းတွင် ပါဝင်စီးမျောနေကြသူ များ၏ အသိဉာဏ်ပညာများ၊ ဆင်ခြင်တုံတရားများဖြင့်သာ ထိန်း ကျောင်းပဲ့ပြင် ဆောင်ရွက်ကြရ မည်ဖြစ်။

 

 

Add new comment