တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖို မြို့နယ်ရှိ ဝါးဖြူချောင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါ ကျေးရွာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့ခြင်း လုံးဝမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှ တင်ထားသော မိုးဗြဲမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ဟူသည့်သတင်း နှင့်ပတ်သက်၍ အကြမ်းဖက်သမားများသည် ၎င်းတို့အား မထောက်ခံသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများသာရှိပြီး ၎င်းတို့၏လုပ်ရပ်များအပေါ် ဖုံးကွယ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် အတွက် သတင်းအတု၊ သတင်းမှားများအား လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် မြေလတ်အသံမှ တင်ထားသော ကလေးဝမြို့နယ်ရှိ ကျေးရွာ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက် သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါမြို့နယ်သို့ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သတင်း ရသဖြင့် နယ်မြေရှင်းလင်းရေးသွားရောက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်းနှင့် ကျေးရွာများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှ တင်ထားသော ပုလောမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းများ ယူဆောင်သွားဟူသည့် သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်းသာရှိပြီး အပြစ်မဲ့ဒေသခံများအား ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများ မရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)
- အုတ်ဖိုမြို့နယ်ရှိ ဝါးဖြူချောင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- မိုးဗြဲမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အကြမ်းဖက်သမားများသည်၎င်းတို့အား မထောက်ခံသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများသာရှိကြောင်း သိရှိရ။
- ကလေးဝမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- ပုလောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းများ ယူဆောင်သွားဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်းသာရှိပြီး အပြစ်မဲ့ဒေသခံများအား ဖမ်းဆီးခြင်းနှင့် ပြည်သူ ပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများ မရှိကြောင်း သိရှိရ။
Add new comment