ပြည်ထောင်စုဝန်ကြီးများ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့သည် ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ် စင်တာ (ASEAN China Centre-ACC)၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၉ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် အာဆီယံ-တရုတ် စားရေရိက္ခာနှင့်လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး၊ လယ်ယာသုံးစက် ကိရိယာ အသေးစားထုတ်လုပ်သည့်စက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်နည်းပညာဖလှယ် ရေး၊ စပ်မျိုးသီးနှံ သုတေသနဗဟိုဌာနတည်ထောင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ အရည် အသွေးထိန်းချုပ်မှုဗဟိုဌာနတည်ထောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့။

 

  • ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို တရုတ်နိုင်ငံသား ခရီးသည်များ ပိုမိုသိရှိ လာရောက်လည်ပတ်ရေး၊ ကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန် တရုတ်ဘာသာစကား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင်လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရေး၊   နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် ဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

 

  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ်စင်တာအနေဖြင့် ဦးစားပေး နယ်ပယ်များဖြစ်သော ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ များအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ်ကုန်မြှင့်တင်မှု ဆိုင်ရာသင်တန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်း ပညာ မြှင့်တင်ရေးဆိုင်ရာကိစ္စများအပေါ် ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းနှင့်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုးက အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံ-တရုတ် စားရေရိက္ခာနှင့်လယ်ယာကဏ္ဍ ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့်နည်းပညာဖလှယ်ရေး၊ စပ်မျိုးသီးနှံ သုတေသနဗဟိုဌာနတည်ထောင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးထိန်းချုပ်မှုဗဟိုဌာနတည်ထောင်ရေး နှစ်နိုင်ငံခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများ အောက် မှပူး ပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

 

Add new comment