နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်း သိန်းဇံတို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင် ရေး၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကာလ်မီးကီယာပြည်နယ်၌ကျင်းပမည့် (၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် ပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ အပြန်အလှန်မျှဝေပေးနိုင်ရေး၊ ရုရှားတက္ကသိုလ်များတွင် မြန်မာဘာသာ စကားထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင်များ အပြန်အ လှန်စေလွှတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာနှင့်အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကာလ်မီးကီယာပြည်နယ်နှင့် မြန်မာနိုင်ငံတို့အ ကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)

 

 

  • တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကာလ်မီးကီယာပြည်နယ်၌ကျင်းပမည့် (၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေး၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ရုရှားတက္ကသိုလ်များတွင် မြန်မာဘာသာစကား ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကာလ်မီးကီယာပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment