ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံ

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ ဆုံပွဲကို ဒီဇင်ဘာလ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက -

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများတည်ထောင်ခွင့်နှင့် မှတ်ပုံ တင်ခွင့်လျှောက်ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ တည်ဆဲနိုင်ငံ ရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲပါတီအနေဖြင့် ပါတီရှိကြောင်း။

 

  • ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာ ခွင့်သာပြုခဲ့ကြောင်း။

 

  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ် ခြင်းစသည့်အချက်များကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့် သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း။

 

  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်စသည့် ဘာသာစကား()မျိုးဖြင့် ဖတ်ရှုနိုင်သည့် Website ကို နိုဝင်ဘာလ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်ကြောင်း။

 

  • သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း အရည်အချင်းရှိသော ကိုယ်စားလှယ် များဖြစ်ရန်လိုကြောင်း။

 

  • နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ကြိုတင်ရွေးချယ် လေ့ကျင့်ပေးရန်နှင့် ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားခဲ့။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၃ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၄)

  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက် အနက် လေ့လာခွင့်မပြုခဲ့သည့် အချက်တချို့ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်။
  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်စသည့် ဘာသာစကား()မျိုးဖြင့် ဖတ်ရှုနိုင်သည့် Website ကို နိုဝင်ဘာလ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်။
  • သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း အရည်အချင်းရှိသော ကိုယ်စားလှယ်များ ဖြစ်ရန်လို။

 

 

Add new comment