မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ရာဂိမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးကို ကြုံတွေ့ခဲ့ရပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှု များကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၈)ခုတွင် ပျက်စီးဆုံးရှုံးမှုများ အား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ် ရေးကဏ္ဍ၊ ရုံးအဆောက်အဦပျက်စီးမှုများအပါအဝင် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၄၄ ဘီလီယံကျော်၊ လူနေအိမ်ပျက်စီးမှု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံပျက်စီးမှု၊ လယ်ယာမြေစိုက်ပျိုး ထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများပျက်စီးမှု၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်း၊ ငါး လုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလီယံကျော်၊ စုစုပေါင်းငွေကျပ် ၄၆၆ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော် ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ မေလအတွင်း ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့် အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံကျော်၊ လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် ၄၃၃ ဘီလီယံကျော်၊ စုစုပေါင်း ငွေကျပ် ၅၃၄ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည် ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈% ခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပါသည်။
ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ရေဘေး စတင်ဖြစ်ပွားသည်မှ ၂၀-၁၁-၂၀၂၄ ရက်အထိ ရေဘေးသင့်ပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိ စေမည့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ငွေကျပ် ၅.၂၂၃ ဘီလီယံကျော်၊ သေဆုံးသွား သူများ၏ မိသားစုများအား ထောက်ပံ့မှုအတွက် ငွေကျပ် ၄၄၆.၈၀၀ သန်းကျော်၊ နေအိမ်များပြန်လည် တည်ဆောက်ရန် ငွေကျပ် ၂၀.၅၀၆ ဘီလီယံကျော်၊ နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် မျိုးစေ့၊ သွင်းအားစု၊ အိမ်မွေးနှင့် လယ်ယာသုံး တိရစ္ဆာန်များထောက်ပံ့မှု ငွေကျပ် ၄.၇၃၂ ဘီလီယံကျော် အပါအဝင် စုစုပေါင်းငွေကျပ် ၃၀.၇၇၉ ဘီလီယံကျော်ကို ထောက်ပံ့ထားပြီးဖြစ်ပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍ အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို (၁)လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို လည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လမ်းပျက်စီးမှု၏ ၇၃.၂၃%၊ တံတား ပျက်စီးမှု၏ ၄၁.၉၂%၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ ၆၇.၃၅% ပြုပြင်ပြီးဖြစ်ပါသည်။ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုးရန်လျာထားမှု၏ ၇၃.၇၅% ပြန်လည် စိုက်ပျိုးပြီးဖြစ် ပါသည်။ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၉.၉၉% လွှမ်းခြုံနိုင်ခဲ့ ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ခုနှစ် မတ်လ ၁၅ ရက်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေး အရှိန်အဟုန်ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီက ဒီဇင်ဘာလ ၇ ရက်တွင် အသိပေး သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၄)
- ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ရေဘေး စတင်ဖြစ်ပွားသည်မှ ၂၀-၁၁-၂၀၂၄ ရက်အထိ ရေဘေးသင့်ပြည်သူများအား စုစုပေါင်းငွေကျပ် ၃၀.၇၇၉ ဘီလီယံကျော်ကို ထောက်ပံ့ထားပြီးဖြစ်။
- ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို (၁)လအတွင်း ပြန်လည် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့် လှစ် ဆောင်ရွက်ပေးနိုင်ခဲ့။
- လမ်းပျက်စီးမှု၏ ၇၃.၂၃%၊ တံတား ပျက်စီးမှု၏ ၄၁.၉၂%၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ ၆၇.၃၅% ပြုပြင်ပြီးဖြစ်ပါသည်။ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုး ရန်လျာထားမှု၏ ၇၃.၇၅% ပြန်လည် စိုက်ပျိုးပြီးဖြစ်၊ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြီးစီးမှု အနေဖြင့် ဆက်သွယ်မှု၏ ၉၉.၉၉% လွှမ်းခြုံနိုင်ခဲ့။
- နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ခုနှစ် မတ်လ ၁၅ ရက် အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေး အရှိန်အဟုန် ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်လျက်ရှိ။
Add new comment