ထိုင်းကုန်စည်ပြပွဲနှင့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အင်းလျားလိပ်ဟိုတယ်အတွင်းရှိ Yangon Convention Center (YCC)တွင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ဖြင့်ကျင်းပခဲ့ပါသည်။
- အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံထုတ်ကုန်စည်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ် ငန်းရှင်များ၏ အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ ၁၀၀ ကျော်တို့ကလည်း ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြပြီး Made in Myanmar ထုတ်ကုန်များဖြစ်သည့် အဝတ် အထည်၊ ပြည်တွင်းထုတ်ဖိနပ်နှင့် အိတ်များကိုလည်းပြသကာ ပြည်တွင်း SME လုပ်ငန်းများကို အရောင်းမြှင့် တင်ခြင်းနှင့် မိတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါသည်။
- ပြပွဲသို့ လာရောက်သူများအနေဖြင့် သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့်တိုက်ရိုက် ဆက်သွယ်၍ လုပ်ငန်းပိုင်းဆိုင်ရာများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်း များ ရရှိနိုင်မည်ဖြစ်ပြီး ပြပွဲကြီးတွင် MGMA နှင့် CTGA၊ ကိုရီးယား (KOGAM)၊ ဟောင်ကောင် (HKMMA)တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion များ၊ အခြားသော အာဆီယံနိုင်ငံများ၏ Pavilion များကိုလည်း သက်ဆိုင်ရာအသင်းများနှင့်အတူ ခင်းကျင်းပြသထားရှိရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
အဆိုပါပြပွဲကို မည်သူမဆိုအခမဲ့ လာရောက်လေ့လာနိုင်ကြောင်းနှင့် ပြပွဲအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)နှင့် Chinese Textile & Garment Association in Myanmar (CTGA)တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း များ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာ ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည် ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၄)
- ထိုင်းကုန်စည်ပြပွဲနှင့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ Yangon Convention Center (YCC)တွင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ဖြင့် ကျင်းပခဲ့။
- ပြပွဲတွင် ထိုင်းနိုင်ငံထုတ်ကုန်စည်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းရှင် များ၏ အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ ၁၀၀ ကျော်တို့ကလည်း ၎င်းတို့၏ ထုတ် ကုန်များကို လာရောက်ပြသကြပြီး Made in Myanmar ထုတ်ကုန်များဖြစ်သည့် အဝတ် အထည်၊ ပြည်တွင်းထုတ်ဖိနပ်နှင့် အိတ်များကိုလည်းပြသကာ ပြည်တွင်း SME လုပ်ငန်းများ ကို အရောင်းမြှင့်တင်ခြင်းနှင့် မိတ်ဆက်ခြင်းများပြုလုပ်ခဲ့။
- ပြပွဲသို့ လာရောက်သူများအနေဖြင့် သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့်တိုက်ရိုက် ဆက်သွယ်၍ လုပ်ငန်းပိုင်းဆိုင်ရာများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်း များ ရရှိနိုင်မည်ဖြစ်။
Add new comment