မာန်အောင်ကျွန်းသဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ်အား စတင်ဖွင့်လှစ်ခဲ့

မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးရှိ မာန်အောင်ကျွန်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်းစီမံကိန်းနှင့် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ်အား ဇန်နဝါရီလ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပါသည်-

  • ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် ကျောက်ဖြူမြို့နယ်တစ်ခုတည်းကိုသာမက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်များအားလုံးကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးမှုရှိစေရန်ရည်ရွယ်ပြီး ဒေသလွှမ်းခြုံစီမံချက် (Regional Master Plan ) ကို အတည်ပြု ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း။
  • သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် မာန်အောင်ကျွန်းသည်လည်း ကျွန်း၏ မူလရှိရင်းစွဲ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မာန်အောင်ကျွန်းသဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံကိန်းနှင့် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ်ဖွင့်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • မာန်အောင်ကျွန်းသဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံကိန်းနှင့် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ်အား ဇန်နဝါရီလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့။
  • သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် မာန်အောင်ကျွန်းသည်လည်း ကျွန်း၏ မူလရှိရင်းစွဲ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံနှင့်ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာမည်ဖြစ်။

Add new comment