အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ် ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲများကို ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲများတွင်-
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်နိုင်သည့် ဖက်ဒရယ် စနစ်ကျင့်သုံးနိုင်ရေးအတွက် လေ့လာတွေ့ရှိချက်များနှင့် မတူကွဲပြားမှုများကို နားလည် လက်ခံပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ညှိနှိုင်းဖြေရှင်းသွားနိုင်ရေး၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲများ ပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးဝါဒများ ထွန်းကား လာစေရေး၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြည်သူလူထုအကြား ပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီး တရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို အလေးအနက်ထားစဉ်းစား၍ လုံခြုံမှုအပြည့်အဝ ရရှိရေး၊ ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံးစေရေး ဦးတည်လုပ်ဆောင်သွားမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က NSPNC ၏ ဖွဲ့စည်းမှု၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆောင်ရွက်မှုအခြေအနေများ၊ NSPNC နှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းလာစေရေးနှင့် ပါတီဝင်များ၏ စွမ်းဆောင် ရည်မြင့်မားလာစေရေးကိစ္စ၊ ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင် နိုင်ရေး သဘောထားစုစည်းရရှိချက်များအား ရှင်းလင်းပြောကြားခဲ့။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ကော်မတီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိခဲ့သည့် အချက် များအား ရှင်းလင်းပြောကြားခဲ့။
- တက်ရောက်လာကြသူများက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအပြင် ရွေးကောက်ပွဲနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စ၊ အထွေထွေကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် ညှိနှိုင်းရေးကော်မတီဝင် များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၄)
- တွေ့ဆုံပွဲတွင် NSPNC နှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများ ခိုင်မာအား ကောင်းလာစေရေးနှင့် ပါတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးကိစ္စများ၊ ကော်မတီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပြင်ဆင်နိုင်ရေး သဘော ထားစုစည်းရရှိခဲ့သည့် အချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားများ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့။
Add new comment