ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခဲ့ပါသည်-
- ဒီဇင်ဘာလ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ သွားရောက်၍ ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရားတို့သို့ သွားရောက်ဖူးမြော်ကြပြီး ပုဂံမြို့သစ်ရှိ ဦးဘညိမ်းယွန်းထည်ဆိုင်နှင့် ပုဂံရှေးဟောင်းသုတေ သနပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့။
- မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ပုသိမ်မြို့သို့သွားရောက်ခဲ့ပြီး ငွေဆောင်အပန်းဖြေဆင် စခန်း၌ ဆင်လိမ္မာများ၏ ဆင်အလှပြကွက်များကို ကြည့်ရှုအားပေးကာ ငွေဆောင်ကမ်းခြေကို လှည့်လည်ကြည့်ရှု၍ အပန်းဖြေခဲ့ပြီး ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့။
ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်တွင် ငွေဆောင်မြို့အဝင်၌ ပြုလုပ်သည့် ရုရှား-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသထွွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၄)
- ကိုယ်စားလှယ်အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွား ရောက်ဖူးမြော်ခြင်း၊ ငွေဆောင်ကမ်းခြေသို့ လှည့်လည်ကြည့်ရှု၍ အပန်းဖြေခြင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့။
Add new comment