နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၆ ရက်တွင် ပြင်ဦး လွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၆၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန့်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းကောက်နုတ် ချက်မှာ-
- “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်နှင့် နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည် စစ်တက္ကသိုလ်၏ ရည်ရွယ် ချက်နှင့်အညီ ရဲဘော်တို့ကို နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် နိုင်ငံ့သား ကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
- နိုင်ငံတော်ကိုကာကွယ်ရန် ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်ဖြင့် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်ရောက်လာခဲ့သောရဲဘော်တို့အနေဖြင့် စစ်တက္ကသိုလ်၏ မွန်မြတ်သော အစဉ်အလာ၊ ကောင်းမွန်တဲ့ဂုဏ်သတင်းများကို ဆက်လက်စောင့်ထိန်းပြီး စစ်မြေပြင်၌ မှတ်ကျောက်တင်ခံနိုင်မည့် စစ်သားကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ တာဝန်ထမ်း ဆောင်သွားကြရန် မှာကြားလိုကြောင်း။
- တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင် ကြရတော့မည့် ရဲဘော်တို့သည် မိမိကွပ်ကဲရမည့် လက်အောက်ငယ်သားတွေကို မှန် ကန်သည့်ခေါင်းဆောင်မှု ပေးနိုင်ရန်လိုသည့်အပြင် လက်အောက်ငယ်သားများကို ကျော သားရင်သားမခွဲခြားဘဲ ကွပ်ကဲအုပ်ချုပ်နိုင်ရန်လိုကြောင်း။
- တပ်မတော်သားများသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အချိန် နေရာမရွေးဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရသည့် သူများဖြစ်သဖြင့် ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး စိတ်ဓာတ်ကောင်းမွန်ရန် အထူး လိုကြောင်း။
- တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကောင်းမွန်စေရန် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေးတို့ဖြင့် ဖန်တီးပေး ရမည်ဖြစ်သလို တစ်ဖက်ကလည်း မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်၊ ခံယူချက်၊ ယုံကြည်ချက်၊ အစဉ်အလာ၊ သမိုင်းကြောင်း စသည်များဖြင့် တည်ဆောက်ပေးရမှာဖြစ်ကြောင်း။
- ရဲဘော်တို့အနေဖြင့် မိမိကိုယ်တိုင်သာမက မိမိကွပ်ကဲရသော တပ်ဖွဲ့ဝင်များကိုပါ မျိုးချစ် စိတ်၊ တိုင်းပြည်ကိုကာကွယ်လိုစိတ်၊ မိမိတပ်ဖွဲ့နှင့် တပ်မတော်အပေါ် ချစ်ခင်တွယ်တာ စိတ်ရှိစေရေး လေ့ကျင့်ပြုစုပျိုးထောင်နေကြရမည်ဖြစ်ကြောင်း။
- တိုက်ပွဲဝင်ရာတွင် တပ်ဖွဲ့ဝင်များအား တပ်မတော်၏အစဉ်အလာကောင်းများကို အသက် နဲ့လဲ စောင့်ထိန်းမည်ဆိုသည့် စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြရန်လို သကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး မွန်မြတ်တဲ့စိတ်များနဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်း၍ တပ်မတော်ရဲ့ ဂုဏ်ကို မြှင့်တင်သွားကြရန် မှာကြားလိုကြောင်း။
- ရဲဘော်တို့အနေဖြင့် တပ်မတော်သားအားလုံးအတွက် လိုက်နာရန်တိုက်တွန်းထားသည့် စစ်သည်တော် ကျင့်ဝတ်အပါး(၆၀)ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာသွားရန်လို သကဲ့သို့ စစ်မြေပြင်စည်းကမ်းများ၊ လုပ်ငန်းခွင်စည်းကမ်းများနှင့် နယ်ဘက်ဆိုင်ရာ စည်းကမ်း ဥပဒေတွေကိုလည်း လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း။
- တပ်မတော်အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ရှောင်ကြဉ်ရမယ့်စည်းကမ်များကို သိရှိ နားလည်အောင်လေ့လာပြီး အလေးထားလိုက်နာရန်လိုသည့်အပြင် နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် “စစ်ပွဲဆိုင်ရာ ဥပဒေများနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း” တွေ ကို လည်း သိရှိလိုက်နာကြရမှာဖြစ်ကြောင်း။
- ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်တို့ဟာ လက်အောက် ငယ်သားများကို စည်းကမ်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်သလို ကိုယ် တိုင်လည်း စည်းကမ်းအရာမှာ စံနမူနာပြ လိုက်နာစောင့်ထိန်းရမှာဖြစ်ပြီး တစ်ဦးချင်းနဲ့ အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်တဲ့ ပြုမူနေထိုင်မူများကို ရှောင်ကြဉ်ကြရန် လိုကြောင်း။
- တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန် ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိရန် အလေး ထားလုပ်ဆောင်ကြရန်လိုကြောင်း။
- ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဲမသမာမှုများ ကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး နိုင်ငံ့တာဝန်ထိန်းသိမ်းပေးနေတဲ့ တပ် မတော်ရဲ့ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရ၏ အန္တိမရည်မှန်းချက်က လွတ် လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရေးဖြစ်သဖြင့် ရွေးကောက်ပွဲအကြိုလုပ်ငန်းများဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို အောက်တိုဘာလဆန်း မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နိုင်ခဲ့ကြောင်း။
- ယခုကဲ့သို့လုပ်ဆောင်ချက်သည် နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာပါရှိတဲ့ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံးရဲ့အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန် ကန်မှုရှိတဲ့ အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ် ငန်းစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
- တပ်မတော်သည် ပြည်သူတွေနဲ့ပူးပေါင်းပြီး ခေတ်အဆက်ဆက်တွင် ပြည်တွင်းပြည်ပ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို နိုင်ငံတော်မှာ ကြုံတွေ့လာရမယ့် ဘေးအန္တရာယ်တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထု စည်းလုံး ညီညွတ် မှုအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိရမှာဖြစ်ကြောင်း။
- ယနေ့ကာလမှာ ပြည်တွင်းပြည်ပအဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက် သဖွယ်အသုံးပြုပြီး အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့တပ်မတော် သွေးကွဲအောင်၊ စည်းလုံး ညီညွတ်မှုပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်လျက်ရှိကြောင်း။
- အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မြင်တွေ့ ကြရမှာဖြစ်ကြောင်း။
- ယခုကဲ့သို့ တပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်း အတု၊ သတင်းအမှားတွေကို နားမယောင်မိဖို့ လိုသလို ရဲဘော်တို့အနေနဲ့ တာဝန်ကျရာ တပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်သွားစေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံးလုပ်ဆောင်သွားကြရန် လိုကြောင်း။
- တပ်တွင်း စည်းလုံးညီညွတ်မှုရှိစေရေးအတွက် အထက်က ပေးအပ်တဲ့ အမိန့်နဲ့တာဝန် တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့လိုသလို လက်အောက်ကို ထိတွေ့မှုများများနဲ့ ဦး ဆောင်ပြီး နေ့စဉ်လုပ်ဆောင်ရမယ့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်ကို အောင် မြင်စွာလုပ်ဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်။
- တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်သလို တစ်ဖက်ကလည်း တပ်ပြင်စည်းရုံးရေးကို အောင်မြင်အောင် လုပ်ဆောင်သွားကြဖို့လို ကြောင်း။
- လက်ရှိ အချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တချို့ဟာ တပ်မတော် အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက် မီဒီယာ များနဲ့ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်းအောင် ပြောဆိုရေးသားနေကြသည်ကိုတွေ့ ရှိရပြီး ယခုကဲ့သို့ လုပ်ဆောင်ချက်တွေဟာ တပ်မတော်အပေါ်မှာသာမက တစ်မျိုးသား လုံးရဲ့စည်းလုံးညီညွတ်မှုအပေါ်မှာ ဆိုးရွားစွာ ထိခိုက်နိုင်တာ ရဲဘော်တို့ အသိပဲဖြစ် ကြောင်း။
- ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေအပေါ် အသိ၊ သတိနဲ့ဆင်ခြင်ပြီး စစ်မှန်တဲ့တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အလေးထားလုပ် ဆောင်သွားရမှာပဲဖြစ်ကြောင်း။
- တပ်ပြင်စည်းရုံးရေးဆောင်ရွက်ရာမှာလည်း ရဲဘော်တို့အနေနဲ့ စစ်သည်တော်ကျင့်ဝတ် နဲ့အညီ နေထိုင်ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်တပ် တစ်အား ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါက အချိန်နဲ့ တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများအပါအဝင် ပြည်သူ့အကျိုးပြု လုပ်ငန်း မှန်သမျှ ကို တပ်မတော်ရဲ့ အဓိကလုပ်ငန်း တာဝန်တစ်ရပ်အဖြစ်ခံယူပြီး စစ်မှန်တဲ့ စိတ်ရင်း စေတနာနဲ့ အပြည့်အဝ လုပ်ဆောင်ပေးကြဖို့ အလေးအနက်ထား မှာကြားလို ကြောင်း။
စစ်တက္ကသိုလ်ရဲ့ မွန်မြတ်တဲ့အစဉ်အလာ၊ ကောင်းမွန်တဲ့ဂုဏ်သတင်းများကို ဆက်လက် စောင့်ထိန်းပြီး ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ်နဲ့အညီ ပြုမူကျင့်ကြံ၍ မျိုးချစ်စိတ်၊ နိုင်ငံချစ် စိတ်များဖြင့် တပ်မတော်ရဲ့ အစဉ်အလာကောင်းများနှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်သွား ကြရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်ပွဲဝင် အသင့်ရှိစေဖို့ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဟူသည့် တပ်မတော်ရဲ့လေ့ကျင့်ရေးမူဝါဒများနဲ့အညီ လေ့ကျင့်မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၄)
- နိုင်ငံတော်ကိုကာကွယ်ရန် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်ရောက်လာခဲ့သော ရဲဘော်တို့အနေဖြင့် စစ်တက္ကသိုလ်၏ မွန်မြတ်သော အစဉ်အလာနှင့်ဂုဏ်သတင်းများကို ဆက် လက်စောင့်ထိန်းပြီး စစ်မြေပြင်၌ မှတ်ကျောက်တင်ခံနိုင်မည့် စစ်သားကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ တာဝန်ထမ်း ဆောင်သွားကြရန်လို။
- တပ်မတော်သားများသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အချိန်နေရာ မရွေးဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရသည့်သူများ ဖြစ်သဖြင့် ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး စိတ်ဓာတ်ကောင်းမွန်ရန် အထူးလို။
- တပ်မတော်၏အစဉ်အလာကောင်းများကို အသက်နဲ့လဲ စောင့်ထိန်းမည်ဆိုသည့် စိတ်ဓာတ် မျိုးရရှိအောင် တည်ဆောက်သွားကြရန်လိုသကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး တပ် မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်း၍ တပ်မတော်ရဲ့ ဂုဏ်ကို မြှင့်တင်သွားကြရန်လို။
- ယနေ့ကာလမှာ ပြည်တွင်းပြည်ပအဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့တပ်မတော် သွေးကွဲအောင်၊ စည်းလုံး ညီညွတ်မှုပြို ကွဲအောင် ထိုးနှက်တိုက်ခိုက်လျက်ရှိ။
- နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲ ရန် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မြင်တွေ့ ကြရမှာဖြစ်ပြီး ယခုကဲ့သို့ တပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေကို နားမယောင်မိရန်လို။
- တာဝန်ကျရာ တပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်း အတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်း ယိုင်သွားစေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံးလုပ် ဆောင်သွားကြရန်လို။
- လက်ရှိ အချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တချို့ဟာ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက်မီဒီယာများနဲ့ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်းအောင် ပြောဆိုရေးသားနေကြသည်ကိုတွေ့ရှိရပြီး ယခုကဲ့သို့ လုပ် ဆောင်ချက်တွေဟာ တပ်မတော်အပေါ်မှာသာမက တစ်မျိုးသားလုံးရဲ့စည်းလုံးညီညွတ်မှု အပေါ် မှာ ဆိုးရွားစွာ ထိခိုက်နိုင်တာ ရဲဘော်တို့ အသိပဲဖြစ်။
- ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေအပေါ် အသိ၊ သတိနဲ့ဆင်ခြင်ပြီး စစ်မှန်တဲ့တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အလေးထားလုပ် ဆောင်သွား မည်ဖြစ်။
Add new comment