နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို  ဒီဇင်ဘာလ   ၆ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က စီမံကိန်းလုပ်ငန်းများပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နောက်ထပ်ငါးနှစ် စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

  • အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက်  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင်  စတင်လက်မှတ် ရေးထိုးခဲ့။

 

  • ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့်  လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းနှုန်းဖြင့်  ၅ ကြိမ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ  ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့။

 

  • ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယ သမ္မတနိုင်ငံ၏ အကူအညီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ငါးနှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း    သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၄)

 

  • ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဒုတိယအကျော့အဖြစ် အိန္ဒိယ သမ္မတနိုင်ငံ၏ အကူအညီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းဖြင့် ငါးနှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိ။

 

Add new comment