လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Ms.Noriko Takagi နှင့် အဖွဲ့ကို ဒီဇင်ဘာလ ၅ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်း များ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် MoU သက်တမ်း ထပ်မံ တိုးမြှင့်နိုင်ရေးအတွက် သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးဆောင်ရွက်မည့်အစီအစဉ်၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် နိုင်ငံတွင်းနေထိုင်ကြောင်း အထောက်အထား စိစစ်ရေးလုပ်ငန်းများ ထိရောက်မြန် ဆန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် UNHCR မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေ အနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေး ဆောင် ရွက်ပေးမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင် နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment