ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ကို လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abhay Thakur ကို ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကို ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက်တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့်ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

 

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MOU) အရ ရခိုင် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကို ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက်တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့်ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် မှုအခြေအနေတို့ကို ဆွေးနွေးခဲ့။

Add new comment