တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒုစရိုက်မှုများ လျော့နည်းပပျောက်ရေးနှင့် အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးတို့အတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းနှင့် Online နည်းပညာများအသုံးပြု၍ ပြစ်မှုကျူးလွန်သူများအား ခြေရာခံအတည်ပြုကာ တရားခံများဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံ သားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင် နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ-

  • Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ ချိန်လှ(၃၀)နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နေ အားဖျင် (ခ) စောက်ရီချုံ(၃၅)နှစ်ပါ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား ငွေလိမ်လုပ်ငန်းပြု လုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ Star Link ၁ စုံ၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနှင့် CZ 75 D 9MM အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ Beretta 9MM အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ Type-81 အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၅၅ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ WiFi စက် ၃ လုံး၊ DONG FENG ၆ ဘီးယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။

အဆိုပါဖမ်းဆီးရမိသူများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး တန့်ယန်းမြို့မ ရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၄)

  • Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ တို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က) ဖြင့်လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment