ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦး ဆောင်သောအဖွဲ့ကို ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိမှုအပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ် များ၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး။

 

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီး သွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုး ရေးကဏ္ဍအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်အသီးသီးတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

 

  • သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေ မည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အော်သိုဒေါ့ ဘုရားကျောင်း တည်ဆောက်ရေးဆိုင်ရာ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ် ဆောင်ရွက်ရန်ကိစ္စများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

 

  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ သက်တမ်းရင့် ရေနံမြေများတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရေးလုပ်ငန်းများအား ရုရှားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်ကိစ္စ၊ LNG တင်သွင်းဖြန့်ဖြူးနိုင်မည့်အလားအလာနှင့် လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်းကွန်ရက်အား အသုံးပြု၍ LNG ကုန်သွယ်ရေး ဆောင်ရွက်နိုင်မည့်ကိစ္စ၊ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းကိစ္စ၊ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထိရောက်စွာ ဆောင်ရွက်ရေးကိစ္စနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

 

  • မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာ ကောင်းများ၊ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ နိုင်ငံတကာ လေ့လာသူအဖြစ် ပါဝင်အကူအညီပေးရေး၊ ရွေးကောက်ပွဲကျင်းပရန်အတွက် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် အလေ့အကျင့်များကို မျှဝေကူညီဆောင်ရွက်သွားမည့်အစီအစဉ်များ တွင် ရုရှားဘာသာစကားပြန်များ ကူညီပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။

 

  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်နေမှုများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့။

တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုကဏ္ဍတို့တွ၍် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက် မှုများကို ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ် သက်၍ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရုရှားနိုင်ငံမှ နိုင်ငံတကာလေ့လာသူအဖြစ် ပါဝင်အကူ အညီပေးရေး ကိစ္စများကို ဆွေးနွေးခဲ့။

Add new comment