သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် စီမံကိန်းနှစ်ခုအကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း ၁၅ ခုအနက် စီမံကိန်း ၉ ခုဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများဆိုင်ရာ Video Clip ကိုပြသခဲ့ပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင် ခြင်းစီမံကိန်း” ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များ ဖိတ်ခေါ်ပြီး ဌာနရှိ နည်းပြများကို ToT သင်တန်း ပေးခြင်း၊ ဌာနရှိ နည်းပြများက ကျေးလက်နှင့် မြို့ပြရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကို စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်း၊ စီမံကိန်းစောင့်ကြည့်လေ့လာ အကဲ ဖြတ်ခြင်းများပြုလုပ်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာစေရေး အတွက် လေ့လာရေးခရီးစေလွှတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၄)
- “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်း” ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များ ဖိတ်ခေါ်ပြီး ဌာနရှိ နည်းပြများကို ToT သင်တန်းပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်။
Add new comment