ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ်သည် ဒီဇင်ဘာလ ၄ ရက်တွင် Napyitaw State Academy (NSA) မှ ကျောင်းသား၊ ကျောင်းသူများအား “Russia and friendly countries in multipolar world” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။
အဆိုပါပို့ချမှုတွင် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်၍ နိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေး တိုးတက်စေရန် နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့်စီမံကိန်းများကို အကောင်အထည်ဖော်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရုရှားနိုင်ငံရှိ တက္ကသိုလ်ကျောင်းများတွင် ဘွဲ့လွန်သင်တန်းများ၊ ဘာသာစကားသင်တန်းများ တက်ရောက်နိုင်ရေး၊ ရုရှားနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများသို့ နှစ်နိုင်ငံအပြန်အလှန် ပညာတော် သင်များစေလွှတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ရာ တက်ရောက်လာသူများ၏ မေးမြန်းဆွေး နွေးချက်များကို ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၄)
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌသည် Napyitaw State Academy (NSA) မှ ကျောင်းသား၊ ကျောင်းသူများအား “Russia and friendly countries in multipolar world” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချခဲ့။
Add new comment