ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်တို့ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Uladzimir Baravi-kou အား ဒီဇင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင်-
- မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား (၂၅)နှစ်မြောက် သံတမန်ဆက်ဆံရေးအထိမ်း အမှတ်များ ကျင်းပသွားရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ခရီးသွားလာရေးကဏ္ဍများအပါအဝင် ကဏ္ဍစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌတို့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့အကြား (၂၅)နှစ်မြောက် သံတမန်ဆက်ဆံရေးအထိမ်းအမှတ်များ ကျင်းပသွားရေး၊ ကဏ္ဍစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ် များ ဆွေးနွေးခဲ့။
Add new comment