ပင်လည်ဘူးမြို့နယ်၌ PDF အကြမ်းသမားများ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရရှိ

လူငယ်၊ လူရွယ်များ၏ အနာဂတ်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးသည်ကို မလိုလားသည့် အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်လုပ်ဗုံး/မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲ ခြင်းများပြုလုပ်သည့်အပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအား တွေ့ရှိရပါသည်။   

 ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပေကုန်း ကျေးရွာနေ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဉာဏ်ဝင်း(၃၉)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ်-

  • သေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမား အမျိုးသား ၆ ဦး ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးဉာဏ်ဝင်းတွင် ဦးခေါင်းယာခြမ်းပွင့်ထွက်ဒဏ်ရာ၊ ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ရင်ညွန့်ကျည် ဖောက်ဝင်ဒဏ်ရာများနှင့် ခြံဝင်းအတွင်း ဆော့ကစားနေသည့် သားဖြစ်သူ မောင်ခန့်ဘုန်းပြည့်(၅)နှစ်တွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ယာရင်အုံကျည်ဖောက် ဝင်ဒဏ်ရာတို့ရရှိကာ နေရာတွင်သေဆုံးခဲ့ကြပြီး သားဖြစ်သူ မောင်ဉာဏ်ဘုန်းပြည့် (၈)နှစ်တွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ရရှိခဲ့။

NUG ၏စေခိုင်းချက်ဖြင့် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ  PDF အကြမ်းဖက် သမားများအနေဖြင့် စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက် ခိုက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုကဲ့သို့  အပြစ်မဲ့ကလေးငယ်များအပေါ် ရက်စက်စွာသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။

လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အပြစ်မဲ့ကလေးငယ်များအပေါ် ရက်စက်စွာသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။ 

  • ပင်လည်ဘူးမြို့နယ်၌ PDF အကြမ်းသမားများ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အပြစ်မဲ့ကလေးငယ်များအပေါ် ရက်စက်စွာသတ်ဖြတ်မှုကျူးလွန်ခဲ့သည့်အတွက် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦးဒဏ်ရာရရှိခဲ့။
  • PDF အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုကဲ့သို့  အပြစ်မဲ့ကလေးငယ်များအပေါ် ရက်စက်စွာသတ်ဖြတ်မှုကျူးလွန်ခဲ့ သည့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိ။

Add new comment