နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ဒီဇင်ဘာလ ၃ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာန တို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မြဲရေးနှင့် နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အတွေ့ အကြုံဖလှယ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကူညီပေးနိုင်ရေးကိစ္စနှင့် ဘာသာ စကားများသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေး ကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင် ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ရွေးကောက်ပွဲအောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒူးမားလွှတ်တော်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာ စေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရုံး၊ သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာန ကြီး ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၂-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌအား လက် ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုး မြှင့်သွားရေးဆိုင်ရာကိစ္စများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့။
Add new comment