ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ ၉၀ ပါတီအနက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်သည့် ၂၈-၃-၂၀၂၃ ရက်နေ့အထိ ဆက်လက် တည်ထောင်၊ မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ ပါတီက လျှောက်ထားခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅  အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီ နှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသည့်ပါတီ ၁၈ ပါတီဖြစ်၍ စုစုပေါင်း ၆၈ ပါတီ ရှိပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင် ပေးပါရန် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံညီ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ  ၂၈ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများပါ ပုံစံ(ဆ) ဖြင့် ငြင်းပယ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ်(၂၆)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(Unity and Development Party (UADP)) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဒီဇင်ဘာလ ၂ ရက်အထိ ဆက်လက်တည် ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီစုစုပေါင်း ၆၈ ပါတီရှိသည့်အနက် ၅ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။ ၎င်းပါတီ ၅၅ ပါတီအနက် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်ပါတီ ၂ ပါတီ ရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၉ ပါတီ၊ တည်ထောင်ခွင့် လျှောက်ထားဆဲပါတီ ၁ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၄)

 

  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၏ ပါတီဆက်လက်တည်ထောင် မှတ်ပုံ တင်ပေးပါရန်လျှောက်ထားချက်အပေါ် ငြင်းပယ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်တွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ] ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီ များမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့။
  • ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၅ ပါတီရှိပြီး ယင်း ၅၅ ပါတီအနက် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့် ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၉ ပါတီ၊ တည်ထောင်ခွင့် လျှောက်ထားဆဲပါတီ ၁ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီရှိ။

Add new comment