ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို PDF အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီးခြင်း၊ သင်ထောက်ကူပစ္စည်းများ ခိုးယူခြင်းနှင့် ခြိမ်းခြောက်စာသားရေးသားခြင်းများပြုလုပ်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြင့်မား တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းဆောင်ရွက် ပေးသည့်အပြင် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာရေးတိုးတက်မြင့်မားစေရန်အတွက် ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

          ထိုသို့ကဲ့သို့ ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုအပေါ် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPHNUG နှင့် PDF အကြမ်းဖက်သမားများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများနှင့် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက်အဉီ များအား ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိပါသည်။

          ဇန်နဝါရီလ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌-

  • PDF အကြမ်းဖက်သမားများက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်း အုပ်ကြီးရုံးခန်း ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ သင်ထောက်ကူပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့။
  • PDF အကြမ်းဖက်သမားများက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ ခြိမ်းခြောက်စာရေးသားပြီး စာရွက်စာတမ်းများနှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများအား ဖြန့်ကြဲဖျက်ဆီးထားခဲ့။

          NUG ၏စေခိုင်းချက်ဖြင့် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ  PDF အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက်ခိုက်နေသည့်အပြင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။

          စာသင်ကျောင်းများအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် ခြိမ်းခြောက် စာရေးသားခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ သင်ထောက်ကူပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်စာရေး သားပြီး စာရွက်စာတမ်းများနှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများအား ဖြန့်ကြဲဖျက်ဆီးထားခဲ့။
  • NUG ၏စေခိုင်းချက်ဖြင့် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ  PDF အကြမ်းဖက် သမားများအနေဖြင့် စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက်ခိုက်နေသည့်အပြင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိ။

 

Add new comment