ဇန်နဝါရီလ ၂၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မန္တလေး-မူဆယ်ကားလမ်းဘေး၌ ဦးကျော်ဇော်လင်း ပိုင်ဆိုင်သော “ကျော်ဇောလင်း” ရွှေဆိုင်အား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်ခဲ့ပါသည်-
- ဆိုင်ရှေ့သို့ မော်တော်ယာဉ် ၁ စီးဖြင့် Mask အမဲရောင်တပ်ဆင်ထားသော အမျိုးသား ၅ ဦး ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ရွှေကောင်တာအတွင်းရှိ ရွှေဆွဲကြိုး ၂၂၁ ကုံး၊ ရွေလက်ကောက် ၅၉ ကွင်း၊ ရွှေဆွဲသီး ၁၄၅ ခု၊ ရွှေဟန်းချိန်း ၁၆ ခု၊ ရွှေဆံကုတ် ၁ ခု၊ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုး ငွေကျပ် ၃၇၆,၀၂၀,၀၀၀ ခန့်)ကို ကျောပိုးအိတ်အတွင်းထည့်၍ လုယက်ကာ နောင်ချိုမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့။
NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် NUG အဖွဲ့ထံမှ ငွေကြေးထောက်ပံ့မှုမရရှိခြင်း၊ တော်လှန်ရေးရန်ပုံငွေ အမည်ခံ အလှူငွေများကို အလွဲသုံးစားပြုလုပ်ပြီး ပြန်လည်ခွဲဝေပေးမှုမရှိခြင်းတို့ကြောင့် PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုထံမှ လစဉ်ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများပြုလုပ်လာသည့်အပြင် ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဓားပြတိုက်လုယက်မှုများအား ပိုမိုပြုလုပ်လာကြောင်း တွေ့ရှိရပါသည်။
ရွှေထည်ပစ္စည်းများအား လုယက်သွားခဲ့သည့် အကြမ်းဖက်သမား အမျိုးသား ၅ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- အကြမ်းဖက်သမား အမျိုးသား ၅ ဦးက နောင်ချိုမြို့နယ်၌ “ကျော်ဇောလင်း” ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုးငွေကျပ် ၃၇၆,၀၂၀,၀၀၀ ခန့်)ကို ကျောပိုးအိတ် အတွင်းထည့်၍ လုယက်ခဲ့။
Add new comment