ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲအကြီးအကဲ Mr. Igor Brovarnik ကို လက်ခံတွေ့ဆုံ၊ ရုပ်သံအင်တာဗျူးဖြေကြား

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲ အကြီး အကဲ Mr. Igor Brovarnik ကို နိုဝင်ဘာလ ၂၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ရုပ်သံအင်တာဗျူးဖြေကြားခဲ့ပါသည်။

ထိုသို့ ရုပ်သံအင်တာဗျူးပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအဆင့်ဆင့်ပြောင်းလဲလာမှု၊ မြန်မာ - ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ၊ ခေတ်သစ်ကမ္ဘာ့ အခြေအနေတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးရည်မှန်းချက်၊ အနောက်နိုင်ငံများ၏ တစ်ဖက်သတ် ပိတ်ဆို့ကန့်သတ်မှုများ၏ သက်ရောက်မှုများကို လျော့ပါးစေရေးနည်းလမ်းများ ကျင့်သုံးနေမှု၊ မြန်မာ နိုင်ငံ၏ ခရီးသွားကဏ္ဍ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်မှုရရှိရန် ဆောင် ရွက်နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)

  • ရုပ်သံအင်တာဗျူးပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒအဆင့်ဆင့်ပြောင်းလဲလာမှု၊ မြန်မာ - ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူး ပေါင်းဆောင်ရွက်မှုများ၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအလားအလာ၊ ခေတ်သစ်ကမ္ဘာ့အခြေအနေတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးရည်မှန်းချက်၊ အနောက်နိုင်ငံ များ၏ တစ်ဖက်သတ် ပိတ်ဆို့ကန့်သတ်မှုများ၏ သက်ရောက်မှုများကို လျော့ပါးစေရေးနည်း လမ်းများ ကျင့်သုံးနေမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်ရင် ကြားစေ့ရေး အောင်မြင်မှုရရှိရန် ဆောင်ရွက်နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု များနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားခဲ့။

Add new comment