ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Gehl နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Ghel နှင့်အဖွဲ့ကို နိုဝင်ဘာလ ၂၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် GAVI, WHO နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ အမှီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက် လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအတွက် GAVI အဖွဲ့မှ ငွေကြေးနှင့်နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီပေးမည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဆိုင်ရာ UNICEF  ရုံးနှင့် WHO ရုံး များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Gehl နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး ဝန်ကြီး ဌာနနှင့် GAVI, WHO နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပုံမှန်တိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ အမှီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအတွက် GAVI အဖွဲ့မှ ငွေကြေးနှင့်နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီပေးမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment