လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး (5th ASEAN Ministerial Meeting on Women - AMMW)ကို နိုဝင်ဘာလ ၂၉ ရက်တွင်Hybrid စနစ်ဖြင့် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက-
- မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ယခုအစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သည့် "Towards an Inclusive Society through Gender Mainstreaming and Women Empowerment" သည် ကျား၊ မ ခွဲခြားမှုမရှိဘဲ လူတိုင်းတန်းတူညီမျှသော အခွင့်အလမ်းများနှင့် အရင်းအမြစ်များ ကို လက်လှမ်းမီနိုင်သော အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဖန်တီးရန်အတွက် အလေးပေးဖော်ပြထားကြောင်း၊
- ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women) ၏ ပူးတွဲကြေညာချက်သည် သက်ဆိုင်ရာ အာဆီယံနိုင်ငံ များတွင် ကျား၊ မရေးရာကိစ္စရပ်များကို ဖြေရှင်းရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ် များအတွက် အရေးပါသောမူဘောင်တစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း၊
- ယနေ့အစည်းအဝေး၏ ဆွေးနွေးချက်များသည် အာဆီယံတစ်ဝန်းရှိ အမျိုးသမီးနှင့် မိန်းကလေး ငယ်များအတွက် အကျိုးရှိသောရလဒ်များ ဖြစ်ထွန်းစေမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ပြောကြားခဲ့။
အစည်းအဝေးတွင် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူ များက နိုင်ငံအလိုက် ကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်းနှင့် အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်းဆီသို့ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ အတွေ့အကြုံများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးအစီအစဉ်များကို ဆက်လက်ကျင်းပရာ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ဆဋ္ဌမအကြိမ် မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Women) ကို အလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၂၇ ခုနှစ် အောက်တိုဘာလ၌ ကျင်းပမည် ဖြစ်ကြောင်း သဘောတူခဲ့ပြီး အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women) သဘာပတိ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ပါသည်။
အစည်းအဝေးသို့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးစံလွင်၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက In -person ဖြင့်တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ အမျိုးသမီးရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ အာဆီယံအမျိုးသမီးကော်မတီ (ACW) အဖွဲ့ဝင်များက Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)
- ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး၏ ပူးတွဲကြေညာ ချက်သည် သက်ဆိုင်ရာ အာဆီယံနိုင်ငံများတွင် ကျား၊ မရေးရာကိစ္စရပ်များကို ဖြေရှင်းရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ်များအတွက် အရေးပါသောမူဘောင်တစ်ခုအဖြစ် အသုံး ပြုသွားမည်ဖြစ်၊ အစည်းအဝေး၏ ဆွေးနွေးချက်များသည် အာဆီယံတစ်ဝန်းရှိ အမျိုးသမီးနှင့် မိန်းကလေး ငယ်များအတွက် အကျိုးရှိသောရလဒ်များ ဖြစ်ထွန်းစေမည်ဟု ယုံကြည်။
Add new comment