အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် ပြင်ဆင်ထားသည့် သိမ်းဆည်းရမိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား ထောက်ပံ့ပေးအပ်

ဇန်နဝါရီလ ၂၄ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်သမားများအား ထောက်ပံ့ရန်အတွက် လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာရှိ အဆောက်အဦ ၁ လုံးအတွင်း၌ လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁,၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လွိုင်ကော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြီး ပြန်လည်ရောက်ရှိလာသော စားသောက်ရေးခက်ခဲနေသည့် ဒေသခံပြည်သူများအား  လောဓမ္မရပ်ကွက်ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)၌ တပ်မတော်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့က ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

သိမ်းဆည်းရမိပစ္စည်းများကို ဖြန့်ဝေပေးခဲ့သဖြင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အတွက် ပြည်သူ ၂ ဦးမှ “ပြည်နယ်အစိုးရက အခုလို ပစ္စည်းတွေလာရောက်ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အရင်လိုတည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားတဲ့အတွက် အတိုင်းမသိဝမ်းသာကြောင်းနှင့် တိုက်ပွဲရှောင်တွေလည်း ပြန်ဝင်လာတော့အရင်လို စည်စည်ကားကားပြန်ဖြစ်သွားတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု ပြောကြားခဲ့ပါသည်၊၊ 

  • ဇန်နဝါရီလ ၂၄ ရက်တွင် လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာရှိ အဆောက်အဦ ၁ လုံးအတွင်း၌ လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁,၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့၊၊
  • သိမ်းဆည်းရမိခဲ့သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လွိုင်ကော် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြီး ပြန်လည်ဝင်ရောက်လာသော စားသောက် ရေးခက်ခဲနေသည့် ဒေသခံပြည်သူများအား  တပ်မတော်မှတာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment