နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထား တွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ရာ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ မြန်မာ့မီးရထားဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်ခရီးသွား ပြည်သူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြော ကြားရာတွင်-

  • ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်း ကဏ္ဍက ပါဝင်ခဲ့ပြီး နိုင်ငံ၏ ပထမဦးဆုံးနှင့် ရှေးအကျဆုံး သယ်ယူပို့ဆောင်မှု စနစ်တစ်ခုဟုဆို ရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်း စတင်ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်ကို လေ့လာ ကြည့်ပါက ၁၈၇၇ ခုနှစ်၊ မေလ ရက် တွင်  ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁)မိုင် ခရီးကို ယခင်က ကွမ်းခြံကုန်းဘူတာဟု အမည်တွင်ခဲ့သည့် ရန်ကုန်ဘူတာကြီးမှ စတင် ဖောက်လုပ်ပြေးဆွဲခဲ့သည်ကိုတွေ့ရပြီး ယနေ့ဆိုပါက နှစ်ပေါင်း (၁၄၇) နှစ်ကျော် လွန်ခဲ့ ပြီဖြစ်ကြောင်း။
  • ထိုကဲ့သို့ ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ပြေးဆွဲနိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံကပထမဦးဆုံးဖြစ်ပြီး လက်ရှိကာလတွင် နိုင်ငံအတွင်း ရထား လမ်းခရီးမိုင် စုစုပေါင်း (၃၈၀၀) ကျော်နှင့် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက် နိုင်ခဲ့ကြောင်း။
  • အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိက အားကိုးအားထားပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်နိုင်ကြောင်း။
  • စရိတ်စက သက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပြီး ကုန်စည်အမြောက်အများကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျ စရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း။
  • ရထားသည် မော်တော်ကားနှင့်နှိုင်းယှဉ်ပါက တူညီသည့်ကုန်စည်ပမာဏနှင့် ခရီးအကွာ အဝေးအတွက် လောင်စာဆီကို လေးပုံတစ်ပုံမှခြောက်ပုံတစ်ပုံအတွင်းသာ သုံးစွဲကုန် ကျပြီး လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာ လျော့ပါးသက်သာ စေပြီး ယာဉ်ကြောကြပ်တည်းမှု ပြဿနာကိုလည်း လျော့နည်းစေကြောင်း။
  • ရထားလမ်းများကြံ့ခိုင်ကောင်းမွန်ပြီး ချောမွေ့မှုရှိစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကအားထားပြီး နည်းပညာများ တိုးတက် လာစေရေး ဆောင်ရွက်ရန်လိုကြောင်း။
  • အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့် အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက် ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှ တစ်ဆင့် တီထွင်ဆန်းသစ်မှုများ  ဆောင်ရွက်လျက်ရှိကြောင်း။
  • ထိုကဲ့သို့ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်းကို ယခုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ မီးရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး နေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထား လမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မီးရထား လမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာစေရေးအတွက် ပြည်သူလူထုက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
  • ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည် တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း။
  • မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကို ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်း စွမ်းဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ခြင်းနှင့် DEMU ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်  တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်ခရီးစဉ် ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရန်ကုန်မြို့ပတ် လက်ယာရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွား ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့် အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်း အသစ် များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွားပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှု များ တိုးမြှင့်ဆောင်ရွက်ပေးနိုင် တော့မည်ဖြစ်ကြောင်း၊ အလိုအလျောက် မီးရောင်ပြောင်း အချက်ပြ နှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီရထားပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှု တစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ် ကြောင်း၊ နေ့စဉ် RBE ရထားအစင်း(၂၀)နှင့် DEMU (၁၅) စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွား မည်ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြို့ပတ်ရထားများကို ယခင်ကထက် ပိုမိုမြန်ဆန် အဆင်ပြေ ချောမွေ့စွာဖြင့် လိုရာခရီးသို့ စီးနင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)

  • ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ ပြီး နိုင်ငံ၏ ပထမဦးဆုံးနှင့် ရှေးအကျဆုံး သယ်ယူပို့ဆောင်မှု စနစ်တစ်ခုဟု ဆိုရမည်ဖြစ်။
  • ရထားလမ်းများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိက အားထားပြီး နည်းပညာများ တိုးတက်လာစေရေး ဆောင်ရွက်ရန်လို။
  • အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည် တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှ တစ်ဆင့် တီထွင် ဆန်းသစ်မှုများ  ဆောင်ရွက်လျက်ရှိ။
  • ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေး တို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလို။
  • မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကို ကောင်းမွန် သည့်ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းစွမ်းဆောင်ပေး ကြရန်လို။

 

Add new comment