နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ သွားရောက်၍ ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မြန်မာ့ မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)ရှိ စက်ရုံအစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်ရ မည့် အခြေအနေများနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်မည့် အခြေအနေ များနှင့် မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း များ၊ လျှပ်စစ်ရထားတွဲဆိုင်း(Electric Multiple Unit) ရရှိရေး ဆောင်ရွက်ထားမှုအစီအစဉ်များ၊ EMU စနစ်၊ BEMU စနစ်တို့ကို ပြောင်းလဲပြေးဆွဲနိုင်မည့်အခြေအနေများ၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား Battery Electric Locomotive အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု အစီအစဉ် များကို ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က-

  • ရထားလမ်းပိုင်းများတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကိုမဖြစ် မနေဆောင်ရွက်သွားရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်း တစ်လျှောက် ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ရထားကွန်ယက်စနစ် တည်ဆောက်ခြင်းနှင့် ဘက်ထရီဓာတ် အားပေးစနစ်သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကို အသုံးပြု၍ လျှပ်စစ်ရထားကွန်ယက် စနစ်တည်ဆောက်ခြင်းဟူ၍ မျိုးတွေ့ရှိရကြောင်း။
  • ဘက်ထရီဓာတ်အားပေးစနစ်သုံး လျှပ်စစ်ရထားကွန်ယက် တည်ဆောက်ရာတွင် မြို့ပတ် ရထားနှင့်ခရီးရထားများအတွက် ရှိပြီး RBE တွဲများကို ဘက်ထရီစနစ် BEMU အဖြစ် ပြောင်းလဲအသုံးပြုနိုင်သကဲ့သို့ ခရီးဝေးရထားများအတွက် ရှိပြီးဒီဇယ်လျှပ်စစ် စက်ခေါင်း အား ဘက်ထရီလျှပ်စစ် စက်ခေါင်း Battery Electric Locomotive (BEL) အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်ကို တွေ့ရကြောင်း။
  • နည်းပညာတိုးတက်လာမှု၏အကျိုးကျေးဇူးအရ လျှပ်စစ်ရထား ကွန်ယက်စနစ်ကို လက်ရှိ ရထားစနစ်အတွင်း၌ပင် သက်သာထိုက်သင့်သည့်ငွေကြေးကုန်ကျမှုနှင့် အချိန်တိုအတွင်း တည်ဆောက်နိုင်မည့်အလားအလာဖြစ်ကြောင်း။
  • EMU စနစ်မှ BEMU စနစ်ပြောင်းလဲခြင်း၊  ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်း တွဲ အဖြစ်ပြောင်းလဲတည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက် ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း။
  • ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် စက်မောင်းဆီကို အသုံးပြု၍မောင်းနှင်ရခြင်းဖြစ် သဖြင့် စက်မောင်းဆီအတွက် ကုန်ကျစရိတ်များရှိပြီး BEL စက်ခေါင်းတွဲများအဖြစ် ပြောင်းလဲတည်ဆောက်အသုံးပြုပါက စက်သုံးဆီအတွက် ကုန်ကျမှုမရှိတော့သကဲ့သို့ စရိတ်နည်းပါးစွာဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • အဆိုပါ စက်ခေါင်းတွဲများသည် ဒီဇယ်လျှပ်စစ်သုံး စက်ခေါင်းများထက် ပိုမိုလျှင်မြန် မြန်ဆန်လာမည်ဖြစ်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးတွက်ချက်ဆောင် ရွက်သွားရန်လိုပြီး အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင် ရွက်သွားရန်လိုကြောင်း။
  • ရထားလမ်းပိုင်း လမ်းနယ်တစ်လျှောက် ခြံစည်းရိုးများ ကာရံခြင်း၊ ရေထွက်စနစ်များ ကောင်းမွန်စေရန်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်ပြီး  ရထားတွဲများ အဆင့်မြှင့်တင်ခြင်း၊ သံ လမ်းများ၊ မီးရထားလမ်းကူးတံတားများ အဆင့်မြှင့် တင်ခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့ မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ မီးရထားဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံ ဝန်ထမ်းများအတွက်  ချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများ သွားလာမှု အဆင် ပြေချောမွေ့စေရေး လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် စဉ်ဆက် မပြတ်သုတေသနပြု ဆောင်ရွက် လျက်ရှိပြီး ယခင်က ခရီးတိုပြေးဆွဲခြင်းများတွင် RBE စက်ခေါင်းများကို အသုံးပြု၍ ခရီးရှည်ပြေးဆွဲ ခြင်းများတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုခဲ့ကြောင်း၊ ယခုအခါ တိုးတက်လာသည့် နည်းပညာ များနှင့်အညီ ဘက်ထရီနည်းပညာများသည်လည်း တိုးတက်လာပြီဖြစ်သဖြင့် BEMU စက်ခေါင်းများ နှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲသုံးဆွဲ ခြင်းဖြင့် သဘာဝပတ်ဝန်ကျင်ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ စွမ်းအင်များကိုလည်း ချွေတာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ BEMU စက် ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသဖြင့် မကြာမီကာလများအတွင်း၌ မိမိတို့နိုင်ငံတွင် အဆိုပါစက်ခေါင်းများဖြင့် ရထား သယ်ယူ ပို့ဆောင်ရေးစနစ်ကို တွေ့မြင်ရနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)

  • ရထားလမ်းပိုင်းများတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ရထားကွန်ယက်စနစ် တည်ဆောက်ခြင်းနှင့် ဘက် ထရီဓာတ် အားပေးစနစ်သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကိုအသုံးပြု၍ လျှပ်စစ်ရထား ကွန်ယက် စနစ်တည်ဆောက်ခြင်းဟူ၍ မျိုးတွေ့ရှိ။
  • EMU စနစ်မှ BEMU စနစ်ပြောင်းလဲခြင်း၊  ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်းတွဲ အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက်ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လို။
  • ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် စက်မောင်းဆီကို အသုံးပြု၍မောင်းနှင်ရခြင်းဖြစ်သဖြင့် စက်မောင်းဆီအတွက် ကုန်ကျစရိတ်များရှိပြီး BEL စက်ခေါင်းတွဲများအဖြစ် ပြောင်းလဲတည် ဆောက်အသုံးပြုပါက စက်သုံးဆီအတွက် ကုန်ကျမှုမရှိတော့သကဲ့သို့ စရိတ်နည်းပါးစွာဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်။

 

Add new comment

Switch to plain text editor