ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် (၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် (၆) ကြိမ်မြောက် အက်ခ်မက် ခရီးသွားလုပ်ငန်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများသို့ တက်ရောက်

    () ကြိမ်မြောက် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၊ ()ကြိမ်မြောက် အက်ခ်မက်ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတို့ကို နိုဝင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများရှိ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ စီအယ်လ်အမ်ဗွီနှင့် အက်ခ်မက်ဒေသတွင်း  ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်ကိစ္စရပ်များ၊ အဖွဲ့ဝင်နိုင်ငံအလိုက် ဒေသတွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် SOP များရေးဆွဲဆောင်ရွက်မှု၊ ခရီး သွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာခွင့်ပြုပေးမှုကိစ္စရပ်များ၊ ဒေသတွင်း ခရီးသွားပြပွဲများ ကျင်းပမှု၊ အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ပြသမှုအခြေအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Yangon Convention Center ၌ ကျင်းပလျက်ရှိသော မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၄ သို့သွားရောက်ကာ မြန်မာနိုင်ငံမှ ခင်းကျင်းပြသထားသော ပြခန်းများ၊ ဗီယက်နမ်နိုင်ငံမှ ခင်းကျင်းပြသထားသောပြခန်းများ၊ MSME ပြခန်းများ၊ အဝတ် အထည်နှင့် အစားအစာပြခန်းများ၊ လျှပ်စစ်အိမ်သုံးပစ္စည်းများပြခန်းများ၊ လေကြောင်းလိုင်းပြခန်း များ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                                                                                                                                               

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)

 

 

  • အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံအလိုက် ဒေသတွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် SOP များရေးဆွဲဆောင်ရွက်မှု၊ ခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာခွင့်ပြုပေးမှုကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့။

 

Add new comment